Latest News

Tuesday, December 27, 2016

အမျိုးသမီးဗိုလ်လောင်းများ လိုအပ်ပါက စစ်မြေပြင်အထိ တိုက်ပွဲဝင်နိုင်ကြမည်ဟု ယုံကြည်ကြောင်း တပ်ချုပ်ပြောကြား

အမျိုးသမီးဗိုလ်လောင်းများ လိုအပ်ပါက စစ်မြေပြင်အထိ တိုက်ပွဲဝင်နိုင်ကြမည်ဟု ယုံကြည်ကြောင်း တပ်ချုပ်ပြောကြား

အမျိုးသမီးဗိုလ်လောင်း များအနေဖြင့်လိုအပ်လျှင် စစ်မြေ ပြင်အထိ တိုက်ပွဲဝင်နိုင်ကြမည်ဟု ယုံကြည်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဘွဲ့ရအ မျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ တွင်ပြောကြားခဲ့ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ ရက်တွင် တပ်မတော်(ကြည်း)၊ ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)  စစ်ရေးပြကွင်း၌ ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင် တန်းအမှတ်စဉ် (၃) သင်တန်း ဆင်းပွဲတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 သင်တန်းကာလအတွင်း အုပ်ချုပ်မှုအတတ်ပညာသာမက စစ်မှုဆိုင်ရာ အတတ်ပညာများ ပါ သင်ကြားပေးထားပြီးဖြစ်၍ လိုအပ်လျှင် စစ်မြေပြင်အထိ တိုက်ပွဲဝင်နိုင်မည်ဖြစ်ကြောင်း ယခုလို တပ်ချုပ်ကပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး တွင် အမျိုးသမီးများ၏ အခန်း ကဏ္ဍနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုး တက်သောနိုင်ငံများကို လေ့လာ ပါက လူသားအရင်းအမြစ်ကို အ ပြည့်အ၀ အသုံးချနိုင်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသား အရင်းအမြစ်ကို အသုံးပြုရာတွင် ယောက်ျား၊ မိန်းမ မခွဲခြားဘဲ ပါဝင်ဆောင်ရွက်နေကြကြောင်း၊ ၎င်းအပြင် နိုင်ငံအလိုက်မိမိနိုင်ငံ ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် ခေတ် မီတပ်မတော်များ တည်ဆောက် ရာတွင်လည်း ကမ္ဘာ့နိုင်ငံအသီး သီးတွင်အမျိုးသမီးများကို အမျိုး သားနည်းတူ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်စေလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်သမိုင်း တွင်လည်း လွတ်လပ်ရေးကြိုး ပမ်းမှုကာလများတွင် အမျိုးသမီး များ၏ စွမ်းဆောင်ရည်အချို့ သမိုင်းထင်ကျန်ရစ်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပြည် တွင်းတည်ငြိမ်အေးချမ်းရေးတည် ဆောက်မှုကာလတွင်လည်းမြန် မာအမျိုးသမီးအချို့ စစ်မှုထမ်း များအဖြစ် တပ်မတော်သို့ ၀င် ရောက်ခဲ့ကြောင်း၊ ၁၉၅၄ တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အမျိုးသမီးစစ်ဝန်ထမ်းတပ်များ ကို ဖွဲ့စည်းခဲ့ရာ ထူးချွန်ပြောင် မြောက်သည့်စစ်သမီးများစွာ ပေါ် ထွန်းခဲ့ကြောင်း ၎င်းကပြောကြား သည်။

နိုင်ငံတော်တပ်မတော်များ တွင် အမျိုးသမီးစစ်မှုထမ်းများ သည် ကွပ်ကဲမှုဌာနချုပ်များတွင် သာမက ရှေ့တန်းကွပ်ကဲမှုဌာန ချုပ်စစ်မြေပြင်အထိ အမျိုးမျိုး သောတာဝန်များကို ထမ်းဆောင် လျက်ရှိကြောင်းတပ်ချုပ်ကပြော ကြားခဲ့သည်။

Sources; 7Day

No comments:

Post a Comment