Latest News

Tuesday, December 20, 2016

လွတ်တော်ပုံရိပ်နဲ့ အမျိုးသားရင်ကြားစေ့ မထိခိုက်ဖို့ အမတ်နှစ်ဦးကိုသတိပေး

လွတ်တော်ပုံရိပ်နဲ့ အမျိုးသားရင်ကြားစေ့ မထိခိုက်ဖို့ အမတ်နှစ်ဦးကိုသတိပေး

၂၀၊ဒီဇင်ဘာ၊ရန်ကုန်

လွှတ်တော်တွင်းဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး အမတ်အချို့ရဲ့ မီဒီယာကိုဖြေကြားချက်တွေက အမျိုးသားရင်ကြားစေ့ရေးနဲ့ လွတ်တော်ရဲ့ပုံရိပ်ကိုထိခိုက်စေတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းကသည်ကနေ့ပြုလုပ်တဲ့ လွှတ်တော်မှာ သတိပေးလိုက်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး လွတ်တော်အမတ် နှစ်ဦးက ပြည်တွင်းမီဒီယာမှာ ဖြေကြားချက်မှာ လွှတ်တော်အတွင်းဆုံးဖြတ်ချက်နဲ့ကွဲလွဲနေတဲ့ကြောင်း လွတ်တော်အမတ်တွေ အနေနဲ့သတင်းမီဒီယာတွေကို ဖြေကြားတဲ့အခါ မှန်ကန်တဲ့ ဖြေကြားချက်နဲ့ တိကျတဲ့ အဖြေကိုသာ ဖြေကြားပေးဖို့ လိုအပ်တယ်လို့ နာယကမန်းဝင်းခိုင်သန်း ကပြောပါတယ်။

နမ့်ဆန်မြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်မိုင်းဝင်းထူးကတင်သွင်းခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်လာရေး ကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ေ အာင်ဆန်းစုကြည်က ဦးဆောင်ပေးဖို့ တိုက်တွန်းတဲ့အဆိုကိုပြည်ထောင်စု လွှတ်တော်ကဒီဇင်ဘာ ၁၅ရက်နေ့ကပယ်ချခဲ့ပါတယ်။ အဲဒီလိုပယ်ချခဲ့တဲ့ကိစ္စကို နမ့်ဆန်ပြည်သူလွတ်တော် ကိုယ်စားလှယ်က သတင်းမီဒီယာကိုဖြေကြားတဲ့နေရာ အဆိုပါ အဆိုဟာအရေးမကြီးတဲ့အဆိုဖြစ်လို့ ပယ်ချလိုက်တာဖြစ်ကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုလွတ်တော်နာယကမန်းဝင်းခိုင်သန်းက တနိုင်ငံလုံးနဲ့ဆက်စပ်နေတဲ့ကိစ္စကို အရေးမကြီးလို့ လွတ်တော်ကပယ်ချလိုက်တယ်ဆိုတဲ့ အပြောဟာမှားယွင်းနေပြီး လွတ်တော်ရဲ့ပုံရိပ်ကို ထိခိုက်စေကြောင်း အမှန်ကယ်မှာလွတ်တော် ကပယ်ချ လိုက်ရတဲ့အကြောင်းအရင်း ဥပဒေနဲ့မညီလို့ဖြစ်ကြောင်း ရှင်းလင်းပြောဆိုပါတယ်။

ဒါ့အပြင့် လွတ်တော်မှာပယ်ချရတဲ့အကြောင်းအရင်း စာနဲ့မှတ်တမ်းတင်ထားတာကို လွတ်တော်အမတ်တွေအားလုံးသိရှိအောင်ဖတ်ပြခဲ့ပါတယ်။

မြောက်ဦးမြို့ နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဦးလှစောဟာ အဆိုပါမီဒီယာကိုပဲ ငြိမ်းချမ်းရေး မှာအားလုံးပါဝင်ရေးကို တိုက်တွန်းတဲ့အဆိုကိုပယ်ချလိုက်တာဟာ တိုင်းရင်းသားပါတီတွေရဲ့ ပြောဆိုခွင့် ကိုပိတ်ပင်လိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သတ်ပြီး နာယက မန်းဝင်းခိုင်သန်းက ဦးဦးလှစောဟာ မှတ်ချက်မပေးခင်မှာ ဘာကြောင့် လွတ်တော် က ပယ်ချခဲ့တယ်ဆိုတာကို လေ့လာသုံးသပ်သင့်ကြား အမတ်နှစ် ဦးအနေနဲ့ လွတ်တော်ပုံရိပ်ကိုထိခိုက်စေတဲ့ စကားပြောဆိုတာတွေကို သတိထား သင့်တယ်လို့ ပြောဆိုပါတယ်။

မကြာသေးခင်ပဲ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ငြိမ်းချမ်းရေးအဆိုပယ်ချခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီးလွတ်တော်ဟာ တိုင်းရင်းသားတွေရဲ့ ဝေဖန်မှုကို ခံနေရတဲ့ အချိန်လည်းဖြစ်ပါတယ်။

Soirces : Photo - MOI : Kumudra မို့မို့သန္တာ

No comments:

Post a Comment