Latest News

Tuesday, December 20, 2016

ကားတင်သွင်းခွင့် ပါမစ်လျှောက် သူတွေမှာလိမ်လည်မှုတွေရှိနေလို

ကားတင်သွင်းခွင့် ပါမစ်လျှောက် သူတွေမှာလိမ်လည်မှုတွေရှိနေလို

နေပြည်တော်၊ဒီဇင်ဘာလ(၂၀)

ဖရီးပါမစ်နဲ့ ပြည်ပက ကားတင်သွင်းခွင့် ပါမစ်လျှောက်ရာမှာ လာလျှောက်တဲ့သူတွေ အနေနဲ့ လိမ်လည်မှုတွေများနေပြီး စည်ကမ်းလိုက်နာမှု မရှိတဲ့တွက် တုန်ကင်ဖြတ်ပိုင်း ၁၀၄၀ ကျော်မှာ ပါးမစ်လျှောက်ခွင့် ပိတ်ပင်လိုက်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရပါတယ်။

ကုန်သွယ်မှု လွယ်ကူစေရေးနှင့် စေ့စပ်ညှိနှိုင်းရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက `ဒီလိုရပ်လိုက်တာဟာ တကယ်ဝယ်ချင်လို့ လာလျှောက်တဲ့သူတွေ အတွက်တော့ နစ်နာပါတယ် ဒါပေမယ့် တစ်ချို့ ပွဲစားတွေက လူတွေငှားပြီး လာတယ် နောက်ပြီး အသက်ကြီးတဲ့သူတွေ ဦးစားပေးတယ်ဆိုတော့ တစ်ချို့က အသက်ကြီးတဲ့အရွယ်တွေပါ ငှားလာကြတယ် ကျွန်တော်တို့ က သိတာပေါ့ ရွှေအတုတွေ ၀တ်လာတာတွေရောပဲ၊ တံခါးတွေလည်း ပျက်စီးတယ် အကုန်တိုးကြတာ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး ` လို့ ပြောပါတယ်။

အခုလို ပါမစ်လျှောက်ထားမှုကို အရင်က ဒီဇင်ဘာလ(၂၃)ရက်နေ့ အထိ သက်မှတ်ထားပေမယ့် လျှောက်ထားသူတွေရဲ့ စည်းကမ်းမလိုက်နာမှုမရှိတာတွေကြောင့် သက်မှတ်မရောက်ခင်မှာ ပိတ်လိုက်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလက်ရှိ တုန်ကင်ရထားတဲ့ ဦးရေ ၁၀၄၀ ထဲမှာလည်း မုတ်ပုံတင်အတု တွေ ပုံစံ(၁၀) အတုတွေ ပါဝင်နေတဲ့အတွက် ပြန်လည်စစ်ဆေး၇အုံးမှာ ဖြစ်သလို ပါမစ်ထုတ်ပေးမယ့် နေ့ ကို လည်းသက်မှတ်ထားခြင်း မရှိသေးလို့ သိရပါတယ်။အခုလက်ရှိချိန်မှာလည်း မှတ်ပုံတင် အတုတွေ ပုံစံ(၁၀)အတုတွေ နဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့ ဦးရေကလည်း အယောက်(၂၀)လောက်ရှိလာတယ်လို့ သိရပါတယ်။

`အခုလက်ရှိ ၁၀၄၀ ထဲမှာပါတဲ့ အတုတွေကိုတော့ ပြန်စစ်ဆေးပြီးမှ ဘယ်လိုဆက်လုပ်မယ်ဆိုတာ ပြောလို့ ရပါမယ် အရင်က အမှုတွေကိုတော့ အစိုးရစာရွက်စာတမ်း လိမ်လည်မှုနဲ့  အမှုဖွင့်ပါတယ် `ကုန်သွယ်မှု လွယ်ကူစေရေးနှင့် စေ့စပ်ညှိနှိုင်းရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူချုပ် ဦးမင်းမင်းက ပြောပါတယ်။

သူက `အခုလည်းပဲ အခုလို ပါမစ်လျှောက်ခွင့်ရက်ကို သက်မှတ်ရက် မရောက်ခင် ပိတ်လိုက်ရတာဟာ တကယ်ကိုယ်တိုင် စီးချင်လို့ ဝယ်ချင်တဲ့ သူတွေအတွက် မရရင် ပြန်သွားကြတော့တာပဲ လူငှားလာတဲ့သူတွေကတော့ စရိတ်စက ကုန်တာပဲ အဖက်တင်တာပေါ့ ဒါပေမယ့် မတက်နိုင်ဘူး စည်းကမ်းမှ မလိုက်နာကြတာ`လို့ ပြောပါတယ်။

အခုချိန်မှာတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာအနေနဲ့ တုန်ကင်ရရှိထားတဲ့ သူတွေကိုပဲ ပါမစ်ထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်နေပြီး အမှန်တကယ် ပါမစ်ရမယ့် သူတွေကတော့ ၁၀ ရာခိုင်းနှုန်းလောက်ပဲ ရှိမယ်လို့ ခန့် မှန်းထားကြောင်း သိရပါတယ်။

Sources : Kumudra

No comments:

Post a Comment