Latest News

Tuesday, December 20, 2016

ခရစ္စမတ်အမီ ဖြန့်မယ့် ဖြူဖြူကျော်သိန်းရဲ့ သီချင်းသစ်


ခရစ္စမတ်အမီ ဖြန့်မယ့် ဖြူဖြူကျော်သိန်းရဲ့ သီချင်းသစ်

(၅၆)ပုဒ်မြောက် ကိုယ်ပိုင်သံစဉ် သီချင်းဖြစ်ပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ခရစ္စမတ်အမီ ပရိသတ်တွေအတွက် ကိုယ်ပိုင်သီချင်းသစ်တစ်ပုဒ် ဖြန့်မယ်လို့ သိရပါတယ်။ သီချင်းနာမည်ကတော့ "ရင်ခုန်ခွင့်ပြုပါ" ဆိုတဲ့ သီချင်းဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာ သူမအတွက် ကိုယ်ပိုင်သံစဉ်သီချင်းအနေနဲ့ ထွက်ရှိမယ့် (၅၆)ပုဒ်မြောက် သီချင်းသစ်တစ်ပုဒ်လည်း ဖြစ်ပါတယ်။

"ရင်ခုန်ခွင့်ပြုပါ" ကိုယ်ပိုင်သံစဉ်သီချင်းကို တေးရေး ညီမင်းခိုင်က ရေးသားထားပြီး ဒီဇင်ဘာ (၂၃)ရက်နေ့မှာ ထွက်ရှိမယ့် " Immortal Diary" တေးအယ်လ်ဘမ်မှာ ပါရှိမယ်လို့ သိရပါတယ်။ အဲ့ဒီအခွေထဲမှာလည်း သူမနဲ့အတူ စည်သူလွင်၊ ဇော်ပိုင်၊ Rဇာနည်၊ ဖိုးကာ၊ ဟဲလေး၊ ဝေလ၊ ဇွဲပြည့်၊ ယုဇန၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်နဲ့ ပိုပိုဟေသာတို့ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်မီနီအယ်လ်ဘမ်အဖြစ် ထွက်ရှိထားတဲ့ "April Fool" အခွေကို MTV အနေနဲ့ ရိုက်ကူးနေပြီး လာမယ့် သင်္ကြန်မတိုင်မီ ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ဖြူဖြူကျော်သိန်း ဖေ့စ်ဘွတ်
 

No comments:

Post a Comment