Latest News

Thursday, December 29, 2016

စိတ်ဖိစီးမှု အဖြစ်ဆုံး အကြောင်းရင်း (၁၃) ခု

စိတ်ဖိစီးမှု အဖြစ်ဆုံး အကြောင်းရင်း (၁၃) ခု

၁ - မမျှော်လင့်တဲ့ ဖြစ်ရပ်

ဘဝမှာ မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုကို ရုတ်တရက်ကြုံရတာ ဖြစ်ပါတယ်။ မိသားစုဝင်တစ်ဦး ဆုံးပါးတာ၊ မတော်တဆမှုကြီးတစ်ခုဖြစ်တာ စတဲ့ဖြစ်ရပ်မျိုး ဖြစ်ပါတယ်။

၂ - အစားအသောက်

သင့်ခန္ဓာကိုယ်အတွက် ဖြည့်တင်းနေတဲ့ အစားအသောက်ကလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်နိုင်ပါတယ်။ သကြားစား များတာ၊ ကဖိန်းဓာတ်ပါဝင်တဲ့အရည်တွေ အမြောက်အများ သောက်သုံးတာ၊ အရက်သောက်များတာ စတဲ့အရာတွေ စားသောက်ခြင်းဖြစ်ပါတယ်။

၃ - ကျန်းမာရေးပြဿနာ

ကိုယ့်မှာ နာတာရှည်ရောဂါကြီးတစ်ခု ရှိနေရင်လည်း အလွယ်တကူ စိတ်ဖိစီးမှုကို ခံစားရပါတယ်။

၎ - လှုပ်ရှားမှု

ခန္ဓာကိုယ်လှုပ်ရှားမှု များလွန်းရင် စိတ်ပိုင်းဆိုင်ရာပေါ် သက်ရောက်နိုင်သလို နည်းလွန်းရင်လည်း စိတ်ပိုင်းဆိုင်ရာပေါ် သက်ရောက်ပါတယ်။

၅ - စီမံခန့်ခွဲမှု

ဘယ်အရာတွေကို ဦးစားပေးပြီး ဘယ်အရာတွေကို နောက်မှလုပ်ရမယ်ဆိုတဲ့ စီမံခန့်ခွဲမှုကောင်း မရှိတာ ဖြစ်ပါတယ်။

၆ - မိသားစု

မိသားစု အရေးကိစ္စတွေကြောင့် ဖြစ်ပါတယ်။

၇ - ငွေကြေး

ငွေကြေးပိုင်ဆိုင်ရာ ပြဿနာကြောင့်ဖြစ်ပါတယ်။

၈ - အမှုအခင်း

အမှုအခင်းတွေ ရင်ဆိုင်နေရတာ၊ ရင်ဆိုင်ခဲ့ရတာတွေကြောင့် ဖြစ်ပါတယ်။

၉ - စိတ်ပိုင်းဆိုင်ရာ

လုပ်ငန်းခွင်လို နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေပေါ် စိတ်ပိုင်းဆိုင်ရာအရ မှန်ကန်စွာ တုံ့ပြန်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ မှန်ကန်စွာ တုံ့ပြန်ဖို့ဆိုတာဟာ သင်စိတ်ချမ်းသာမှု ရှိဖို့ ဘယ်လိုနေထိုင်တုံ့ပြန်ရမယ်ဆိုတာ မသိတာပါ။

၁၀ - အလေ့အကျင့်

အမြဲလုပ်လာတဲ့ အလေ့အကျင့်တစ်ခုကို ပြောင်းလိုက်ရတာကြောင့်ပါ။ ဥပမာ - ဆေးလိပ်ဖြတ်တာမျိုးပါ။

၁၁ - ဆေးဝါး

အမြဲသောက်သုံးနေရတဲ့ ဆေးဝါးအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၁၂ - အလုပ်အကိုင်


အလုပ်အကိုင် အပြောင်းအလဲကြောင့်ပါ။

၁၃ - နေရာ

နေရာသစ်တစ်ခုကို ရောက်သွားတာ၊ ပတ်ဝန်းကျင်အပြောင်းအလဲ ဖြစ်တာတွေကြောင့်ပါ။

Photos & Source: Prevention: duwun

No comments:

Post a Comment