Latest News

Wednesday, December 21, 2016

လွှတ်တော်နာယကကို စကားစစ်ထိုးဖို့ စိန်ခေါ်လိုက်တဲ့ ရခိုင်လွှတ်တော်အမတ်


လွှတ်တော်နာယကကို စကားစစ်ထိုးဖို့ စိန်ခေါ်လိုက်တဲ့ ရခိုင်လွှတ်တော်အမတ်

ကျော်ဟိန်းလိုပြောရင် ပျင်းတယ်လို့ ပြောခဲ့ပါတယ်။
 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပေးဖို့ အဆိုကို လွှတ်တော်ကနေ ပယ်ချခံခဲ့ရတဲ့ ကိစ္စကို မီဒီယာတွေကို ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး သတိပေးတာခံခဲ့ရတဲ့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းကို  စကားစစ်ထိုးဖို့ ဒီဇင်ဘာ ၂၀ ရက်က မီဒီယာတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လူကြီးလူကောင်းဖြစ်သဖြင့် သာမန်အရပ်သား မဟုတ်သည့်အတွက် သတိထားကြပါ။ ဘုမသိဘမသိ ပြောတာဟာ လူကြီးလူကောင်းတွေရဲ့ အကျင့်မဟုတ်ပါဘူး။ နောက်နောင် ဒါမျိုးမလုပ်ဖို့ သတိပေးပါတယ်”လို့ လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

“ဘုမသိဘမသိ သူဘယ်လောက်သိသလဲ ကျွန်တော် ဘယ်လောက်သိသလဲ ဆိုတာ ကျွန်တော်တို့ ဒီမိုကရက်တစ် ဒီဘိတ်လုပ်မလား လုပ်ရတယ်။ ရယ်ဒီပဲ လွှတ်တော်ထဲမှာ ခုံပေါ်ကနေ မပြောနဲ့ အပြင်မှာ မီဒီယာတွေ အကုန်လုံးရှေ့ မှာ ဒီဘိတ်လုပ်ခိုင်းရမလား ရတယ်။ ဦးဦးလှစော အေးဆေးပဲ ကျော်ဟိန်း လိုပြောရင်ပျင်းတယ်။ ဒီဥက္ကဋ္ဌတွေကို အပြင်မှာဆို ပျင်းတယ် ရှင်းရှင်းပဲ”လို့ ဦးဦးလှစောက ပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ အရေးကြီးအဆို တင်သွင်းခဲ့ပေမဲ့ ပယ်ချတာခံခဲ့ရလို့ အဆိုတင်သွင်းဖို့ ကြိုးပမ်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးနဲ့ အဆိုကို ထောက်ခံဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောတို့က သတင်းမီဒီယာ အချို့မှာ သူတို့ရဲ့ သဘောထားအမြင်တွေကို ဖြေကြားခဲ့လို့ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက သတိပေးခဲ့တာဖြစ်ပါတယ်။

Source : The Ladies News : Duwun

Photo & Video : RFA
 

No comments:

Post a Comment