Latest News

Wednesday, December 21, 2016

အသင့်ဆောက်လုပ်နေထိုင်နိုင်တဲ့ တန်ဖိုးနည်းခေါက်အိမ်တွေ ရောင်းချမယ်


အသင့်ဆောက်လုပ်နေထိုင်နိုင်တဲ့ တန်ဖိုးနည်းခေါက်အိမ်တွေ ရောင်းချမယ်

တစ်လုံးကို သိန်း ၅၀ ကျသင့်တာ ဖြစ်ပါတယ်။
 
တရုတ်နိုင်ငံမှ တင်သွင်းတဲ့ တန်ဖိုးနည်းခေါက်အိမ်တွေကို ပြည်တွင်းမှာ ဖြန့်ချိရောင်းချမယ်လို့ သိရပါတယ်။

မြေနေရာရှိရုံနဲ့ အသင့်ဆောက်နိုင်တဲ့ အဆိုပါ တန်ဖိုးနည်း ခေါက်အိမ်တွေဟာ တစ်လုံးကို ကျပ်သိန်း ၅၀ ကျသင့်မှာဖြစ်ပြီး ဝင်ငွေနည်းလူတန်းစားတွေအတွက် အဓိကရည်ရွယ်ကာ ပြည်တွင်းကုမ္ပဏီတစ်ခုက ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။ အတွင်းပိုင်း  အခန်းဖွဲ့ခြင်း၊ ၀ရန်တာပြင်ဆင်ခြင်း၊ ပါကေးခင်းခြင်းတွေနဲ့ အခြားအလှဆင်တာတွေကိုလည်း လုပ်ကိုင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

 မြေအလွတ်ရှိပြီး ဆောက်လုပ်စရိတ်သက်သာလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကော်ဖီဆိုင်ဖွင့်လှစ်တာတွေ၊ ဘန်ဂလိုဆောက်တာတွေ ပြုလုပ်နိုင်ပြီး နိုင်ငံခြားမှာ အဆိုပါခေါက်အိမ်တွေကို အသုံးပြုလေ့ရှိတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ခေါက်အိမ်တွေဟာ ကျူးကျော်တွေအတွက် သင့်လျော်ပေမဲ့ မြေနေရာမရှိခြင်းနဲ့ အိမ်တစ်လုံး သိန်း ၅၀ ဆိုတဲ့ တန်ဖိုးကများပြားတာကြောင့် အဆင်မပြေနိုင်ဘူးလို့လည်း သုံးသပ်ထားပါတယ်။

Photos & Source: 7Day Daily : Duwun
 

No comments:

Post a Comment