Latest News

Wednesday, December 21, 2016

ဒါရိုက်တာ ဝိုင်း ကလေးအဖေ ဖြစ်သွားပြီ



ဒါရိုက်တာ ဝိုင်း ကလေးအဖေ ဖြစ်သွားပြီ


သားဦးလေးကို ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။

ဒါရိုက်တာဝိုင်းကတော့ ကလေးအဖေဖြစ်သွားပါပြီ။ ဒီဇင်ဘာ (၂၂)ရက်နေ့မနက်က  (၆)ပေါင်နဲ့ (၂)အောင်စရှိတဲ့ သားဦးလေးကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်နေ့မှာ သားဦးလေးကို ပိုင်ဆိုင်ရရှိခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ(၂၂)ရက်နေ့ဟာ ဒါရိုက်တာဝိုင်းရဲ့ (၄၃)နှစ်ပြည့်မွေးနေ့လည်း ဖြစ်တယ်လို့ သူက ရေးသားထားပါတယ်။

သားဦးလေးကို ပိုင်ဆိုင်ရရှိခဲ့တဲ့ ဒါရိုက်တာ ဝိုင်းတစ်ယောက်ကတော့ ပျော်ရွှင်လို့ နေပါတယ်။ လက်ရှိအချိန်မှာ ကလေးရော မိခင်ပါ ကျန်းကျန်းမာမာရှိနေတယ်လို့ သိရပါတယ်။ ဒါရိုက်တာဝိုင်းက "ဘယ်ညာဘယ်ညာ" ရုပ်ရှင် ဇာတ်ကားကို  မြင့်မြတ်၊ ဖွေးဖွေးတို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပြီး ရိုက်ကူးရေးကတော့ ဒီဇင်ဘာ (၂၁)ရက်နေ့ကမှ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။


Sources : Photo : ဝိုင်းဖေ့စ်ဘွတ် : Duwun
 

No comments:

Post a Comment