Latest News

Tuesday, December 20, 2016

ဧရာဝတီတိုင်းအစိုးရသုံးမယ့် ဘတ်ဂျက်တင်ပြတာကို လွှတ်တော်အမတ် ကန့်ကွက်

ဧရာဝတီတိုင်းအစိုးရသုံးမယ့် ဘတ်ဂျက်တင်ပြတာကို လွှတ်တော်အမတ် ကန့်ကွက်

ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘတ်ဂျက်မဟုတ်လို့ ကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။
 
ဧရာဝတီတိုင်းအစိုးရအတွက် ဘတ်ဂျက်တင်ပြတာကို လွှတ်တော်အမတ်ကန့်ကွက်

ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ တိုင်းအစိုးရအဖွဲ့က တင်သွင်းတဲ့ ဘတ်ဂျက်ဟာ ပြည်သူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဘတ်ဂျက် မဟုတ်တာကြောင့် အစိုးရရဲ့ဂုဏ်သိက္ခာ အတွက်ဆိုပြီး ၀ါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ကန့်ကွက်လိုက်ပါတယ်။


ချောင်းကော၊ မြောင်းကောတွေမဆယ်ပေးလို့ အောင်ရေမရတဲ့ ဒဏ်တွေကိုခံနေရတဲ့ တောင်သူလယ်သမားတွေရဲ့ ဒုက္ခ၊ လျှပ်စစ်မီးမရတာတွေ၊ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ ဒဏ်တွေကိုခံနေရတဲ့ ပြည်သူတွေရဲ့ဒုက္ခ၊ အမိုးအကာမပြည့်စုံတဲ့ ၀န်ထမ်းအိမ်ရာတွေမှာ နေနေရတဲ့ ၀န်ထမ်းတွေရဲ့ ဒုက္ခတွေက မရှိမဖြစ်လိုအပ်နေတဲ့ အရာတွေဖြစ်နေပြီး တိုင်းဒေသကြီးရ အစိုးရအဖွဲ့ကတင်ပြခဲ့တဲ့ မရှိမဖြစ်အရာတွေမဟုတ်လို့ ကန့်ကွက်ခဲ့ရတာလို့ ဒေါ်မြင့်မြင့်စန်းက လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့ကတင်ပြခဲ့တဲ့ ဘတ်ဂျက်မှာ ကားရေဆေးခုံ တည်ဆောက်ဖို့၊ နေပြည်တော်မှာ အစိုးရအဖွဲ့ ဧည့်ရိပ်သာ ဆောက်လုပ်ဖို့၊ အဲဒီ ဧည့်ရိပ်သာအတွက် ကားပါကင်ပြုလုပ်ဖို့၊ ကားရေဆေးခုံမှာ တပ်ဆင်ဖို့ ပန့်တစ်ခု၊ အဲယားကွန်း ၁၆ လုံး၊ ၀န်ကြီးရုံး (၈) ရုံးအတွက် လက်တော့ကွန်ပျူတာ ငါးလုံးတပ်ဆင်တာ စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

Source : 7DayTV : Duwun

Photo : မန်းဂျော်နီ ဖော့စ်ဘွတ်မှ

No comments:

Post a Comment