Latest News

Tuesday, December 20, 2016

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဦးစားပေးအသုံးပြုမည့် ကဏ္ဍလေးရပ်ချမှတ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဦးစားပေးအသုံးပြုမည့် ကဏ္ဍလေးရပ်ချမှတ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ (JCB)ကို ဒီဇင်ဘာ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်း ရေးရန်ပုံငွေများကို ဦးစားပေးအ သုံးပြုမည့် ကဏ္ဍလေးရပ် ချမှတ် ခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ် စားလှယ်များသည် ဒီဇင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံ ငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးခဲ့ သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန် ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အစိုးရကိုယ်စားလှယ်ရှစ်ဦး၊ တစ် နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် (NCA)လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် လေးဦး၊ NCA မထိုးရသေးသည့် အဖွဲ့များမှ လေးဦး၊ စုစုပေါင်း ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာအလှူရှင်များ က ကူညီထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာရန်ပုံငွေများနှင့် ပတ်သက်၍ ကန့်သတ်ထိန်းချုပ်ခြင်းမဟုတ် ကြောင်း၊ များပြားလှသော အဖွဲ့ အစည်းများအကြား ထောက်ပံ့ကူ ညီမှု ရရှိနိုင်သည့်အခြေအနေ ကွာခြားချက်ကြောင့် မညီမျှမှုများစွာ ရှိနေကြောင်း၊ JCB အနေဖြင့် စီမံ ကိန်းများကို မျှမျှတတနှင့် ထိထိ ရောက်ရောက်ဖြစ်စေရန် ဦးတည် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က စီမံကိန်းများ ရေးဆွဲရာ တွင်လည်း အလှူရှင်ဘက်က ထောက်ပံ့ကူညီလိုသည့် စီမံကိန်း များ မဖြစ်စေဘဲ လက်တွေ့အခြေ နေ ပကတိလိုအပ်ချက်များကို အခြေခံစဉ်းစားသုံးသပ်ပြီး အလှူ ရှင်များဘက်က လိုအပ်သည့် အ လှူငွေများ ဖြည့်ဆည်းထောက်ပံ့ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ပြုသော စီမံကိန်းများကို အလေး ထားဆောင်ရွက်နိုင်ရေး ဤအဖွဲ့ က တာဝန်ယူညှိနှိုင်းပေးရန်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန် ပုံငွေခွဲဝေသုံးစွဲရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိ နှိုင်းဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်း ရေးအထောက်အကူပြုဖွံ့ဖြိုးရေး ကဏ္ဍနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဆိုင်ရာ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကဏ္ဍ စသည်ဖြင့် ဦးစား ပေးကဏ္ဍကြီးလေးရပ် သတ်မှတ် ဆောင်ရွက်ရန် အစည်းအဝေးက သဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး က သတင်းထုတ်ပြန်သည်။

Sources : 7Day

No comments:

Post a Comment