Latest News

Sunday, December 18, 2016

ဒေါ်လာဝယ်ပြီး မရောင်းသော ငွေလွဲကောင်တာနှင့် ဘဏ်များ အရေးယူမည်

ဒေါ်လာဝယ်ပြီး မရောင်းသော ငွေလွဲကောင်တာနှင့် ဘဏ်များ အရေးယူမည်

ဒေါ်လာဝယ်ပြီးမရောင်းသော ငွေလဲကောင်တာနှင့် ဘဏ်များကို အရေးယူမည်ဟုဆိုဒေါ်လာဈေးတက်နေ ချိန်တွင် ၀ယ်ယူပြီး မရောင်းသော ဘဏ်များကိုထိရောက်ပြင်းထန်စွာ အရေးယူရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားငွေအရောင်းအဝယ် လုပ်သည့် ငွေလဲကောင်တာများ နှင့် ဘဏ်များသည် သတ်မှတ် ဈေးနှုန်းအတိုင်း အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ပြီး ယခုအချိန် တွင် အဝယ်သာလက်ခံပြီး အရောင်းမလုပ်သော ငွေလဲကောင်တာနှင့်ဘဏ်များကို တိုင်ကြားမှုများ များပြားလာသဖြင့် ထိရောက်ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

 ‘‘ ဒီငွေလဲကောင်တာတွေ လိုက်နာမှုမရှိတာကို ဗဟိုဘဏ် က ခေါ်ယူသတိပေးတာ၊ လက် မှတ်ထိုးတာတွေရှိတယ်။ ဒီထက် ဆိုးလာရင်တော့ ထိရောက်ပြင်း ထန်တဲ့ ဒဏ်ကြေးချမှတ်ဖို့လုပ်နေတယ်။ ဒါထက်များလာရင် လိုင်စင်ပိတ်သိမ်းဖို့ လုပ်နေပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

Sources : 7 Day Daily

Photo - Credit

No comments:

Post a Comment