Latest News

Sunday, December 18, 2016

သယ်ယူပို့ဆောင်ရေးဥပဒေ အတည်ပြုနိုင်မှ မထသကို ဖျက်သိမ်းမယ်


သယ်ယူပို့ဆောင်ရေးဥပဒေ အတည်ပြုနိုင်မှ မထသကို ဖျက်သိမ်းမယ်

ဒုတိယ အစီအစဉ်အဖြစ် ဘတ်စ်ကားအများပိုင်ကုမ္ပဏီ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
 
ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး ဥပဒေအတည်ပြုနိုင်မှသာ မထသကို ဖျက်သိမ်းရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု  အာဏာပိုင် အဖွဲ့မှ သိရပါတယ်။

အတည်ပြုနိုင်ဖို့  ဥပဒေမူကြမ်း အကြမ်းဖျင်း ပြီးစီးနေပြီဖြစ်ကြောင်း  အဆိုပါအဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောထားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆွေးနွေးပြီး ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဥပဒေ အတည်ပြု ထွက်ရှိလာရင် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို)ကော်မတီကို ဖျက်သိမ်းမှာဖြစ်ပြီး လက်ရှိမှာလည်း မထသလက်အောက်က ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ၆၀ ကျော်အထိ လျှော့ချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယာဉ်လိုင်းလျှော့ချမယ့် အစီအစဉ်ဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ ပထမဆုံး အစီအစဉ်ဖြစ်ပြီး ဒုတိယ အစီအစဉ်အဖြစ် ဘတ်စ်ကားအများပိုင်ကုမ္ပဏီ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photo : Credit

No comments:

Post a Comment