Latest News

Sunday, December 18, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်စည်းဝေး


ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်စည်းဝေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မနက် ၉ နာရီကတည်းက ပြုလုပ်နေပါတယ်။ အဓိက အနေနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂလီအရေးနဲ့ ပတ်သက်လို့ လွှမ်းမိုးဖွယ်ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ မငြိမ်သက်တာတွေ ဖြစ်ခဲ့တဲ့ ၂၁၀၂ ကနေ့ အခုအထိ ဒီလို အစည်းအဝေးပွဲက ပထမဆုံးဖြစ်ပါတယ်။ နိုင်ငံတကာမီဒီယာတွေမှာ ရိုဟင်ဂျာအရေးနဲ့ အစိုးရကို ဝေဖန်နေချိန်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို တွေ့ဆုံတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေမှာ ရိုဟင်ဂျာ အရေးနဲ့ပတ်သက်လို့ အသံအကျယ်ဆုံးက မလေးရှားဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ သူတို့ရပ်တည်ချက်ကို ပြောဖို့ထက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ရှင်းလင်းချက်ကို နားထောင်ဖို့ များတယ်လို့ အာဆီယံအရေးကျွမ်းကျင်သူ ဖြစ်တဲ့ ထိုင်းသတင်းစာ ဆရာ ကဗီ က ဒီဗွီဘီကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဆီယံနိုင်ငံ အများစုဆီက စာနာမှုရဖို့များတယ်လို့ ကဗီ က ခန့်မှန်းပါတယ်။

နဂို ပြည်တွင်းရေး ဝင်မစွက်ရေးမူကို ကျင့်သုံးတဲ့ အာဆီယံအတွက် အခု အစည်းအဝေးက တိုးတက်ဖြစ်ထွန်းမှုအဖြစ် ကဗီ က ယူဆပါတယ်။

အာဆီယံထဲက တချိုနိုင်ငံတွေ ရိုဟင်ဂျာ အရေးကို လူသားချင်းစာနာမှု ကိစ္စ အနေနဲ့ သတ်မှတ်တယ်။ ရခိုင်ပြည်နယ်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှု ရှိနေတယ်ဆိုပြီး စွပ်စွဲတာရှိပေမယ့် တိကျတဲ့ အထောက်အထားတွေ မရှိပါဘူး။

အစိုးရရော ရခိုင်ပြည်နယ်ထဲသွားလေ့လာခဲ့တဲ့ ကိုဖီအာနန်ခေါင်ဆောင်တဲ့ အကြံပေးအဖွဲ့ကရော လက်မခံပါဘူး။ ဒီနေ့မှာပဲ ရခိုင်ပြည်နယ်ထဲကို ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေကို ခွင်ပြုထား ပါတယ်။

Sources : DVB

No comments:

Post a Comment