Latest News

Wednesday, December 14, 2016

ဒေါက်တာသန်းထွဋ်အောင်ကို ရုံးထုတ်ရာတွင် ဆရာဝန် လာရောက် အစစ်ဆေးမခံ

ဒေါက်တာသန်းထွဋ်အောင်ကို ရုံးထုတ်ရာတွင် ဆရာဝန် လာရောက် အစစ်ဆေးမခံ


ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသော Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) တွင် ရုံးထုတ်ခဲ့သော်လည်း ကျန်းမာရေး အခြေအနေ စစ်ဆေးရန် ဆင့်ခေါ်ထားသည့် အင်းစိန်အကျဉ်းထောင်ဆေးရုံမှ ဆရာဝန် လာရောက်အစစ်ဆေးမခံခဲ့ကြောင်း တာမွေမြို့နယ် တရားရုံးထံမှ သိရသည်။

“ထောင်ဆေးရုံမှာ လူနာတွေများနေလို့ ဆရာဝန်က လာအစစ်ဆေးမခံတာပါ။ ဒီနေ့ တရားရုံးက ဆရာဦးသန်းထွဋ်အောင်ရဲ့ ကျန်းမာရေး အခြေအနေ သိရအောင် တရားရုံးနဲ့ နှစ်ဖက်ရှေ့နေတွေက ထောင်ဆရာဝန်ဆီ စာပေးပို့ မေးမြန်းဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။

ယနေ့ တာမွေမြို့နယ် တရားရုံးသို့ နှလုံးရောဂါ ခံစားနေရသော ဒေါက်တာသန်းထွဋ်အောင်က Wheel Chair ဖြင့် လာရောက်အစစ်ဆေးခံခဲ့သည်။

ဓာတ်ပုံ - ခိုင်စိုးလင်း

The Voice

No comments:

Post a Comment