Latest News

Monday, December 26, 2016

ဗိုလ်တစ်ထောင်ဘုရားအလှူငွေ အလွဲသုံးစားလုပ်တဲ့သူကို ထောင်ဒဏ်ဆယ်နှစ်ချ

ဗိုလ်တစ်ထောင်ဘုရားအလှူငွေ အလွဲသုံးစားလုပ်တဲ့သူကို ထောင်ဒဏ်ဆယ်နှစ်ချ

ဥပဒေ ပုဒ်မ ၃ အရ အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
 
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ရှင် ဘုရားရန်ပုံငွေ စာရင်းခေါင်းစဉ်တွေထဲက ကျပ် ၇၄၂ သိန်းကျော်ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာထင်ရှားလို့ အများနဲ့ သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၃ အရ အလုပ်နဲ့ ထောင်ဒဏ်ဆယ်နှစ်ကျခံစေဖို့ အနောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ (ဒီဇင်ဘာ ၂၆) ရက်မှာ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ရှင် ဘုရားဂေါပက ဒေါက်တာအေးကျော်က ဂေါပကရုံးအဖွဲ့ မှူး ဦးတင်ထွန်းအောင်ကို ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ (အ.ပ.က- ၃)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး (၅)က ပြစ်မှုကြီး အမှုအမှတ် ၁၅/၂၀၁၆ နဲ့ လက်ခံစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးမှုတွေအရ တရားခံမှာ အပြစ်ရှိတာခိုင်လုံလို့ အလုပ်နဲ့ ထောင်ဒဏ်ဆယ်နှစ်ကျခံစေဖို့ အမိန့်ချခဲ့တာဖြစ်ပြီး အမှုအတွက် သက်သေခံအနေနဲ့ သိမ်းထားတဲ့ငွေတွေကိုတော့ ဘုရားရန်ပုံငွေစာရင်းထဲကို ပြန်လည်ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

Source : Kumudra

Photos : tourmyanmarus
 

No comments:

Post a Comment