Latest News

Monday, December 26, 2016

ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင်


ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင်

ယခင်စံချိန်တင်ထားတဲ့အပင်ထက် ၅၉ ပေ ပိုမြင့်ပါတယ်။
 
ခရစ္စမတ်ကာလမို့ နေရာတိုင်းဟာ ခရစ္စမတ်အငွေ့အသက်တွေ လွှမ်းထုံနေပါတယ်။ ခရစ္စမတ်သစ်ပင်ကတော့ မပါမဖြစ်ပေါ့။ ယခုနှစ်ခရစ္စမတ်ကာလမှာ သီရိလင်္ကာနိုင်ငံက ပြုလုပ်ခဲ့တဲ့ ခရစ္စမတ်ပင်ဟာ ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင်အဖြစ် စံချိန်တင်သွားပါတယ်။

၂၃၈ ပေ မြင့်တဲ့ ခရစ္စမတ်သစ်ပင်ကြီးဟာ မြို့တော်ကိုလွန်ဘိုမှာ ပြသထားပါတယ်။ သစ်ပင်အစစ်တော့ မဟုတ်ပါဘူး။ စတီးနဲ့ ဝိုင်ယာတွေကိုခွေပြီး ထင်းရှုးခက်အတုတွေပါတဲ့ အစိမ်းရောင်ပလတ်စတစ်ပိုက်ကွန်နဲ့ ဖုံးအုပ်ထားတာပါ။ LED မီးသီး အလုံးပေါင်း ၆၀၀,၀၀၀ နဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ ဒေါ်လာ ၈၀,၀၀၀ အကုန်အကျခံ တည်ဆောက်ခဲ့တဲ့အပေါ် ကတ်သလစ်ခရစ်ယာန်အချို့က ဝေဖန်ခဲ့ပေမဲ့ ကမ္ဘာ့အမြင့်ဆုံးခရစ္စမတ်ပင်ကြီးအဖြစ်နဲ့တေ့ ဂုဏ်ယူစရာကောင်းပါတယ်။

ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများစာအုပ်မှာ ကမ္ဘာ့အမြင့်ဆုံးခရစ္စမတ်သစ်ပင်အဖြစ် ယမန်နှစ်က စံချိန်တင်ခဲ့တဲ့ အပင်က ပေ ၁၈၀ ရှိပါတယ်။ တရုတ်နိုင်ငံ ဂွမ်ကျိုးမြို့က စီးပွားရေးလုပ်ငန်းစုတစ်ခုက ပြုလုပ်ခဲ့တာပါ။ ကိုလွန်ဘိုက ခရစ္စမတ်ပင်ကတော့ ၅၉ ပေ ပိုမြင့်ပါတယ်။

Source : Daily Mail : Duwun
 

No comments:

Post a Comment