Latest News

Monday, December 26, 2016

သိမ်ဆောက်ဖို့ ရည်မှန်းထားတဲ့ ပိုပိုရဲ့ စိတ်ကူး

သိမ်ဆောက်ဖို့ ရည်မှန်းထားတဲ့ ပိုပိုရဲ့ စိတ်ကူး

၂၀၁၇ထဲမှာ အကောင်အထည်ဖော်ဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အဆိုတော် ပိုပိုကတော့ ၂၀၁၇ ခုနှစ်ထဲမှာလည်း သိမ်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ရှိုးပွဲက ရတဲ့ ငွေကြေးတွေကို စုနေပြီး အဲ့ဒီပိုက်ဆံတွေနဲ့ သာသနာပြုဖို့ ရည်ရွယ် ထားတယ်လို့လည်း ဆိုပါတယ်။ သူမရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို ချီးကျူးစရာဖြစ်ပါတယ်။

တစ်ယောက်တည်း ဘဝကို ရုန်းကန်းရင်း လိုအပ်တဲ့ နေရာတွေမှာ လိုအပ်သလို သွားရောက်ကူညီတတ်တဲ့ သူမကို ပရိသတ်တွေကလည်း ချစ်ခင် အားပေးကြတာ တွေ့ရပါတယ်။  ထွက်တဲ့ စီးရီးတိုင်းလိုလို ပရိသတ်အားပေးမှု ရတဲ့ သူမက တတိယစီးရီးခွေအတွက်ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အခွေကို ၂၀၁၇ ခုနှစ်ထဲမှာ ထွက်သွားမှာ ဖြစ်ပြီး မြူးဇစ်ပုံစံလေးတွေကိုလည်း မတူအောင် ပြောင်းလဲပြီး ကြိုးစားထားတယ်လို့ သိရပါတယ်။

၂၀၁၇ထဲမှာလည်း သူမလုပ်ချင်တဲ့ ကိစ္စတွေကို Plan ချထားကာ ကုန်ဆုံးတော့မယ့် ၂၀၁၆ခုနှစ်ကလည်း သူမအတွက် အနုပညာအလုပ်တွေ အများကြီး လုပ်ဖြစ်တဲ့ နှစ်တစ်နှစ်ဖြစ်သလို သူမမျှော်မှန်းထားတဲ့ Target ပြည့်တဲ့ နှစ်တစ်နှစ်လို့ ခံစားမိကြောင်း  သူမက ဆိုပါတယ်။

Source : Popular news : duwun

Photo  : ပိုပိုဖေ့စ်ဘွတ်

No comments:

Post a Comment