Latest News

Monday, December 26, 2016

အာရှဆူနာမီဖြစ်ပြီး ၁၂ နှစ်ကြာသည့်တိုင် အမည်မသိ အလောင်း ၄၀၀ ထိုင်းမှာရှိနေဆဲ

အာရှဆူနာမီဖြစ်ပြီး ၁၂ နှစ်ကြာသည့်တိုင် အမည်မသိ အလောင်း ၄၀၀ ထိုင်းမှာရှိနေဆဲ

ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ သီရိလင်္ကာ နိုင်ငံများမှာ အဆိုးဆုံး ထိခိုက်ခဲ့ပြီး မြန်မာနိုင်ငံကိုလည်း ဆူနာမီရေလှိုင်း သက်ရောက်မှုရှိခဲ့ပါတယ်။
     
၂၀၀၄ ခုနှစ်က အာရှဆူနာမီ သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့ပြီးနောက် ၁၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ယခုအချိန်ထိ အမည်မသိ ရုပ်အလောင်း အနည်းဆုံး ၄၀၀ ထိုင်းနိုင်ငံမှာ ရှိနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) ပြောကြားပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ပြင်းအား ၉.၁၅ အဆင့်ရှိ အင်အားပြင်းထန်လွန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက် အလွန်မြင့်မားတဲ့ ဆူနာမီရေလှိုင်များ တက်ရောက်ခဲ့ပြီး အဆိုးရွားဆုံး သဘာဝဘေးကပ်ဆိုးကြီး ဖြစ်ခဲ့ပါတယ်။

ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ သီရိလင်္ကာ နိုင်ငံများမှာ အဆိုးဆုံး ထိခိုက်ခဲ့ပြီး မြန်မာနိုင်ငံကိုလည်း ဆူနာမီရေလှိုင်း သက်ရောက်မှုရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ လူ ၅,၃၉၅ ဦးခန့် သေဆုံးခဲ့ပြီး ကမ္ဘာလှည့်ခရီးသည် ၂,၀၀၀ ခန့် ပါဝင်ခဲ့ပါတယ်။ ၂၀၀၄ ဆူနာမီနောက်ပိုင်း အာဏာပိုင်တွေက ရုပ်အလောင်း ၄,၀၀၀ မှ ၅,၀၀၀ ကြားရဲ့ မိသားစုဆွေမျိုးတွေကို ဆက်သွယ်ခဲ့ပြီး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း အနည်းဆုံး ၄၀၀ ခန့်မှာမူ ယခုအချိန်ထိ အမည်ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ထိုင်းမှာသိမ်းဆည်းထားကြောင်း ရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ၂၀၀၄ ခုနှစ်က ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ချိန်ဟာ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုအများဆုံး အချိန်လည်းဖြစ်ခဲ့ပါတယ်။

ယခုနှစ်မှာလည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ခရီးသည် ၃၂.၄ သန်းအထိ လာရောက်မယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

Source & Photo: Reuters :duwun

No comments:

Post a Comment