Latest News

Wednesday, December 28, 2016

ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်ကိုတင်ပြထား

ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်ကိုတင်ပြထား

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ကိုပြင်ဆင်ပြောင်းလဲနိုင်ဖို့အတွက် ဥပဒေ (မူကြမ်း)သစ်ကို လွှတ်တော်သို့ တင်ပြထားပြီးဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

“မိမိတို့ကော်မရှင်က ဥပဒေတွေကို လေ့လာသုံးသပ်ပြီး ပြင်သင့်တာတွေပြင်ဖို့ ပယ်ဖျက်သင့်တာ ပယ်ဖျက်ဖို့၊ အသစ် ပြဋ္ဌာန်းသင့်တာ ပြဋ္ဌာန်းနိုင်ဖို့အတွက် အဓိကကော်မရှင်ရဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃကို အခုလိုပြင်ဆင်ဖို့ သုံးသပ်အကြံပြုတင်ပြခြင်းဟာ မိမိတို့ ကော်မရှင်ရဲ့အဓိက လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အခုလို လွှတ်တော်ကို တင်ပြထားခြင်းပဲ ဖြစ်ပါ တယ်။ ပြင်ဖို့အတွက်လဲ ဥပဒေ(မူကြမ်း)ပါတင်ပြပြီးဖြစ်ပါတယ်”လို့ သူရဦးရွှေမန်းက ပြောပါတယ်။

သူရဦးရွှေမန်းနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ဒီကနေ့ တွေ့ဆုံမှုအပြီး သတင်းမီဒီယာတွေကို ဖြေကြားခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ဒီဇင်ဘာ ၂၈ ရက်နေ့က နေပြည်တော် လွှတ်တော်ဝန်းအတွင်းမှာရှိတဲ့ အဲဒီကော်မရှင်ရေးရာ အဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက “မီဒီယာဥပဒေအပါအ၀င် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်။ ပြည်သူတွေကို ဥပဒေစိုးမိုးရေး ပေါ်ထွက်ရေးနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ လုပ်သွားဖို့ လိုပါတယ်။ ဘယ်လိုပြုပြင်မယ်ဆိုတာတော့ အသေးစိတ်ပြောဖို့တော့ စောပါသေးတယ်။ မူအားဖြင့် တော့ အားလုံးသဘောတူတာပေါ့။ ဒီဥပဒေပြင်မယ်ဆိုပြီးတော့ပေါ့။ အီလက်ထရောနစ် ဥပဒေလည်း ပါတယ်။ မီဒီယာတွေကို အနှောက်အယှက်ပေးတယ်၊ မီဒီယာရဲ့ ရပ်တည်မှုကို အဟန့်အထား ဖြစ်စေတယ်။ မီဒီယာကို ခြိမ်းခြောက်တဲ့ ဥပဒေတွေမျိုးတွေပြင်မယ်။ ပြုပြင်ပြောင်းလဲမယ်”လို့ ပြောပါတယ်။

အဲဒီလို ပြင်ဆင်ပြောင်းလဲပြဌာန်းမယ့် ဥပဒေ(မူကြမ်း)သစ်ထဲမှာဆိုရင် လက်တွေ့နဲ့ ကိုက်ညီမှု မရှိတာကို ပယ်ဖျက်ပြီး အသစ်ထပ်မံဖြည့်စွက်ထားမှုတွေရှိတာကြောင့် အချိန်အခက်အခဲနဲ့ ရှင်းပြရမှာ ခက်ခဲတာကြောင့် ထွက်ပေါ်လာမယ့် ဥပဒေသစ် အတည်ပြုမှုရရှိပြီးပါက နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြသွားမယ် လို့လဲ သူရဦးရွှေမန်းက ပြောပါတယ်။

Sources; DVB

No comments:

Post a Comment