Latest News

Wednesday, December 28, 2016

မြန်မာရေတပ်ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးဒဏ်ရ


မြန်မာရေတပ်ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးဒဏ်ရ

မြန်မာရေတပ်က ပစ်ခတ်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြ ပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲ နှစ်နိုင်ငံနယ်စပ်မှာ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁၄ ယောက်ပါလာတဲ့ ငါးဖမ်းစက်လှေကို မြန်မာရေတပ်သင်္ဘောတစီးက မနေ့က ၀င်ရောက်လာပြီး သတိမပေးဘဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ငါးဖမ်းသမား ၄ ယောက်ဟာ ခြေထောက်နဲ့ လက်တွေမှာ သေနတ်ဒဏ်ရာရပြီး ကော့်ဇ်ဘဇားမြို့က ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။

ကိုးကား - http://bdnews24.com

Sources; DVB

No comments:

Post a Comment