ရခိုင်ပြည်နယ်အတွင်း NV Card ၆ ထောင်ကျော် ထုတ်ပေးခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာဒေသများမှ အများဆုံးပါဝင်
ရခိုင်ပြည်နယ်အတွင်း ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံမှု စုစုပေါင်း လေးသိန်းနီးပါးရှိသည့်အနက် မှ ၆ ထောင်ကျော်အား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(NV Card) ထုတ်ပေးခဲ့ပြီး လက်ရှိ ပဋိပက္ခများဖြစ်ပွားရာ မောင်တောဒေသမှ အများဆုံးပါဝင်နေသည်။
ရခိုင်ပြည်နယ်တစ်ခုလုံး ကတ်အပ်နှံသူ ၃၉၇၄၉၇ ဦး အနက် ၆၀၇၇ ဦးကို NV Card ထုတ်ပေးခဲ့ပြီး မောင်တောဒေသမှ ၂၈၁၄ ဦး၊ ဘူးသီးတောင်တွင် ၄၅၃ ဦး၊ ရသေ့တောင်တွင် ၂၃ ဦး ဖြင့် ပဋိက္ခဖြစ်ပွားရာဒေသများပါဝင်နေပြီး ဇွန်လ ၁ ရက်၊ ၂၀၁၅ မှ ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၁၆ခုနှစ်အထိ ထုတ်ပေးမှု အခြေအနေဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယာယီသက်သေခံကတ်ပြား အပ်နှံပြီးသူများအား စိစစ်ပြီး အပြာနုရောင်ကတ်ဖြစ်သော နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card-Identity Card for National Verification) ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ တိုင်းနှင့်အပြည်နယ်အလိုက်စာရင်းများအား ယမန်နေ့( ဒီဇင်ဘာလ ၂၇ ရက်)က ထုတ်ပြန်ခဲ့သည်။
၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေပြဌာန်းချက်အရ နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် စိစစ်နိုင်ရန်နှင့် စိစစ်နေဆဲကာလအတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူအဖြစ် အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်ထုတ်ပေးခြင်းဖြစ်ပြီး အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြားကိုင်ဆောင်သူအခွင့်အရေးနှင့် အနည်းငယ် ကွာခြားနိုင်သည်ဟု ဖော်ပြပါရှိသည်။ ရခိုင်ပြည်နယ်အတွင်းရှိ NV Card ရရှိထားသူများသည် တရားဝင်နယ်စပ်ဂိတ်များမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ထွက်သွားခွင့်ရှိပြီး မိမိနေထိုင်ရာမြို့နယ်အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရှိသည်ဟု ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံး NV Card ထုတ်ပေးပြီးစီးမှုအခြေအနေမှာ ဒီဇင်ဘာလ ၂၃ ရက်အထိ ( ၃၂၀၁၆ ) ဦးရှိပြီး ရှမ်းမြောက်ဒေသမှ (၁၆၅၉၆) ဦးဖြင့် အများဆုံးဖြစ်သည်။
Sources; Mizzima
Wednesday, December 28, 2016
Subscribe to:
Post Comments (Atom)
No comments:
Post a Comment