Latest News

Friday, December 16, 2016

တရုတ် - မြန်မာ သမိုင်းဝင်လမ်းမကြီးရဲ့ ညအလှ

တရုတ် - မြန်မာ သမိုင်းဝင်လမ်းမကြီးရဲ့ ညအလှ

ဒုတိယကမ္ဘာစစ်တုန်းက စစ်ရေးအရ ဖောက်ခဲ့တဲ့ လမ်းမကြီးက အခုမီးတွေ ထိန်ထိန်လင်းနေပါပြီ။
 

တရုတ်ပြည်မှ ယူနန်ပြည်နယ်နဲ့ မြန်မာပြည် လားရှိုးကို ဆက်သွယ်ဖို့ ဖောက်ထားတဲ့ လမ်းမကြီးကို ညပိုင်း အချိန်အခါ တွေ့ရပုံ ဖြစ်ပါတယ်။ တောင်တွေကို ကွေ့ပတ်ပြီး ဖောင်ထားပြီး အန္တရာယ်များတဲ့  လမ်းလည်း ဖြစ်ပါတယ်။


အများစုကတော့ မြန်မာလမ်းလို့ လူသိများပါတယ်။ လမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပုံထဲက အကွေ့အကောက် တောင်စောင်းများဟာ စုစုပေါင်း ၂၄ ကွေ့ရှိရှိပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက တရုတ်ဘက်က ဖောက်ခဲ့တဲ့ လမ်းမကြီးပါ။ အခုတော့ ဒီလမ်းမကို သိပ်မသုံးကြတော့ပါဘူး။


အရင်က သမိုင်းဝင်လမ်းကြီး ဖြစ်ခဲ့ပေမဲ့ အခုတော့ ဆိုင်ကယ်သမားတစ်ချို့နဲ့ သုံးဘီးသမားတစ်ချို့သာ  အသုံးပြုကြပါတော့တယ်။ လူသိပ်မသုံးတော့ပေမဲ့ အခုဆိုရင် ညဘက်မှာ မီးတွေထိန်ထိန်လင်းလျှက်ရှိပါတယ်။


Source & Photos : CCTV : duwun
 

No comments:

Post a Comment