Latest News

Thursday, December 8, 2016

ကွန်တိန်နာများ အရေးပေါ်နိုင်ငံခြားပို့ရမည့် အခြေအနေရှိပါက နေခင်း ဘက် ဖြတ်သန်းခွင့်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကဆို

ကွန်တိန်နာများ အရေးပေါ်နိုင်ငံခြားပို့ရမည့် အခြေအနေရှိပါက နေခင်း ဘက် ဖြတ်သန်းခွင့်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကဆို

ကွန်တိန်နာများ အရေးပေါ် နိုင်ငံခြားပို့ရမည့် အခြေအနေရှိပါ က နေခင်းဘက် ဖြတ်သန်းခွင့်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့(ဒီဇင်ဘာ ၈ ရက်)တွင် ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် ခန်းမတွင် ဒီဇင်ဘာ ၈ ရက်၊ နံနက်ပိုင်းက  ကျင်းပသည့် သက်ဝင်လှုပ်ရှား ရန်ကုန်မြို့လမ်းမများ ပွဲတော်သတင်းနှင့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကွန်တိန်နာများ အချိန်သတ်မှတ်လိုက်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းတွင် ကွန်တိန်နာများ စုပြုံရပ်တန်သည့် ကိစ္စများဖြစ်ပေါ်ခဲ့သည့် အတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်အနေဖြင့် ကုန်စည်းစီးဆင်းမှုကို စည်းကမ်းတကျ ရှိစေလိုသည့်အတွက် အချိန်သတ်မှတ်ခြင်း ဖြစ်ကြောင်း ကုန်စည်ကြပ်ခြင်းများ၊ နိုင်ငံခြားသို့ အရေးပေါ် ပို့ဆောင်ရမည်ဆိုပါက နေခင်းဘက်သွား လာခွင့်ပြုမည် ဖြစ်ကြောင်း ၄င်းကပြောခြင်းဖြစ်သည်။

ဦးဖြိုးမင်းသိန်းက “အများပြည်သူ နေ့ခင်းဘက်သွားလာနေတဲ့ အချိန်မှာ ကုန်သေတ္တာကားတွေ၊ ကုန်ကားတွေ လမ်းမပေါ် သွားလာနေတာ ဘယ်နိုင်ငံမှ မရှိပါဘူး။ ဒီအခြေအနေကို ကျွန်တော်တို့က အကောင်းဆုံး ပြည်သူ လူထုလိုက်နာနိုင်ဖို့ ကုန်စည်စီးဆင်းမှုတွေ ပိုမိုကောင်းမွန်လာပြီး အဆင်ပြေ ချောမွေ့လာအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ကုန်စည်က တအားကျပ်နေလို့ရှိရင် နေ့ခင်းဘက် လမ်းမပေါ်မှာ ကျွန်တော်တို့ အစိုးရအဖွဲ့က ဖြတ်သန်းခွင့်ပေးပါမယ်။ ဒါမှမဟုတ် ကုန်စည်က မကျပ်ဘူး။ အရေးပေါ် ကုန်စည်က ဒီနေ့မှာ အရေးပေါ်နိုင်ငံခြားကို ဒီနေ့ပို့ရမယ်ဆိုရင် ဖြတ်သန်းဖို့ စီစဉ်ပေးမှာပါ”ဟု ပြောသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း အစိုးရအနေဖြင့် ရန်ကုန်မြို့တော် စည်းကမ်းတကျဖြစ်အောင် စီစဉ်ပေးနေခြင်းဖြစ်ကြောင်း ကုန်စည်စီးဆင်းမှု နည်းနေသည့် အချိန်တွင် စည်းကမ်းတကျ သွားလာရန် လို့အပ်ကြောင်း ကွန်တိန်နာကား အစီတစ်ရာအနေဖြင့် သတ်မှတ်ထားသည့် ည ၉ နာရီမှ မနက် ၆ နာရီအတွင်း စည်းကမ်းတကျ မသွားလာနိုင်ပါက ကုန်စည်စီးဆင်းမှု တိုးတက်မည် မဟုတ်ကြောင်း ဆက်လက်ပြောသည်။

ဦးဖြိုးမင်းသိန်းက “ကျွန်တော်မြို့မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နေထိုင်တဲ့ အများပြည်သူ အဆင်ပြေဖို့အတွက် ဆောင်ရွက်နေတာပါ။ ကွန်တိန်နာကား အစီးတစ်ရာလောက်က ည ၉ နာရီကနေ မနက် ၆ နာရီအတွင်း စည်းနဲ့ကမ်းနဲ့ မ၀င်နိုင်ဘူးဆိုရင် ကုန်စည်စီးဆင်းမှုက တိုးတက်လာမှာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ကြီးမှာ စည်းကမ်းမလိုက်နာတဲ့ သူတွေကို အပြစ်မဆိုပါဘူး။ လိုက်နာချင်အောင် တဖြည်းဖြည်း ဆောင်ရွက်သွား မှာပါ”ဟု ပြောသည်။

ရန်ကုန်မြို့နေ ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ဂျပန်နိုင်ငံတကာ ကူညီဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ပူးပေါင်းပြီး သက်ဝင်လှုပ်ရှား ရန်ကုန်မြို့လမ်းမများ ပွဲတော်ကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလလမ်းနှင့် ဘဏ်လမ်းတို့တွင် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့ နှစ်ရက်ဆက်တိုက် ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော် ကျင်းပရခြင်းမှာ မြန်မာယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်း လက်ရာတွေကို ပြည်သူများ လက်ဆောင်အဖြစ် ဝယ်ယူရင်း မြန်မာ့ယဉ်ကျေး မှု အမွေအနှစ် လက်ရာတွေကို သိရှိစေဖို့ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ဒီည ကွန်တိန်နာ အလုံး ၂၀ ထုတ်ဖို့ စီစဉ်နေတယ်။ ည ၉ နာရီလောက် ထွက်ရင် ရွှေပြည်သာ ဂိုဒေါင်ကို ဘယ်အချိန်ရောက်မယ်။ ညအလုပ်သမားက ဘယ်နှစ်ဆိုင်း ဆင်းမလဲ။ နောက်ဆုံးကားက ဘယ်အချိန်လောက်ပြီးမလဲ။ မနက် ၆ နာရီအချိန် ဆိပ်ကမ်းပြန်ရောက်ပါ့မလား စသဖြင့် စိုးရိမ်ရပါတယ်။ အလုပ်သမားတွေ ညဘက် အရက်မသောက်ကြဖို့နဲ့ ထိခိုက်ဒဏ်ရာ မရဖို့ ဆုတောင်းပေးနေရမယ်။ ပြီးခဲ့တဲ့ အခေါက် ပိုင်ပုံပြိုလို့ ခြေထောက်ကျိုးသွားလို့ ဆေးဖို့နဲ့ စားစရိတ်ထောက်ပံ့တာ ၃၀ လောက်ကုန်တယ်။ အရေအတွက် မလျော့အောင်လည်း ဆုတောင်းနေရတယ်။ ညဘက်ဆို မီးကလည်းမှောင်တယ်။ ဒီမနက် ကားတွေကျပ်လို့ ၂၀ အစား ၁၀ လုံးပဲ ထုတ်ဖို့ ဆုံးဖြတ်တယ်။ MACCS စနစ်ကလည်း ပြသ၁နာတွေ ရှိနေတုန်း အချိန်ကလည်း ကြာတယ်။  စီးကူးလိုင်စင်ကလည်း တခြားနိုင်ငံတွေက ဆိပ်ကမ်းနဲ့ အကောက်ခွန်က အရမ်းမြန်တယ်။ မြန်မာမှာလို မကြန့်ကြာဘူး။  အပြောင်းအလဲမှ တခြား ပြောင်းသင့် တာတွေလည်း ပြောင်းဖို့ လိုတယ်” ဟု သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ တွင် ရေးသားထားသည်။

စိုင်းဟန်
The Ladies News

No comments:

Post a Comment