Latest News

Friday, December 23, 2016

မိနစ် ၂၀ အတွင်း သင့်စိတ်ကို တိုးတက်ကျန်းမာအောင် လုပ်နည်း

မိနစ် ၂၀ အတွင်း သင့်စိတ်ကို တိုးတက်ကျန်းမာအောင် လုပ်နည်း

တစ်မိနစ်အားလျှင် တစ်စုံတစ်ဦးအား ကျေးဇူးတင်ကြောင်း ပြောပါ။
 
၇ မိနစ် အားလျှင် လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ဖို့ လူတော်တော်များများပြောတဲ့ ဆင်ခြေက အချိန်မရှိဘူး ဆိုတာပါ။ ဒါပေမဲ့ လေ့ကျင့်ခန်းရဲ့ အဓိကရည်ရွယ်ချက်က သင့်ခန္ဓာကိုယ်တွေ လှုပ်လှုပ်ရှားရှား ရှိဖို့ပါပဲ။

မိနစ် ၂၀ အားလျှင် ရှုပ်ပွနေတာတွေကို သပ်သပ်ရပ်ရပ် လုပ်ပါ

ကိုယ့်အခန်းထဲမှာ ပစ္စည်းပစ္စယတွေပြန့်ကြဲပြီး မသပ်မရပ်ဖြစ်နေတာတွေကို နေရာတကျ ပြန်ရှင်းပါ။ နေထိုင်တဲ့နေရာ သပ်ရပ်မှုဟာ သင့်စိတ်အခြေအနေပေါ်ကိုလည်း သက်ရောက်မှု ရှိပါတယ်။

၃ မိနစ် အားလျှင် စာရေးပါ

လက်ရှိမှာ တစ်ခုခုကို အကောင်းမြင်နေလား၊ အဆိုး မြင်နေလား၊ တစ်ခုခုကို ချရေးလိုက်ပါ။ သင်ရေးတာကိုလည်း သင်ပြန်ဖတ်ပါ။

၁ မိနစ်အားလျှင် ကျေးဇူးတင်ကြောင်းပြောပါ

တစ်စုံတစ်ဦးအား ဘယ်လောက်ကျေးဇူးတင်ကြောင်း၊ ဘယ်လို ကျေးဇူးတင်ကြောင်း ပြောပါ။ ဒါဟာ အကောင်းမြင်စိတ်ထား တိုးပွားစေပြီး သင့်စိတ်အခြေအနေကို နွေးထွေးလုံခြုံစေပါတယ်။

Photos & Sources: Huffington:Duwun
 

No comments:

Post a Comment