Latest News

Friday, December 23, 2016

ဆုရဖို့ မမျှော်လင့်ခဲ့တဲ့ မနော

ဆုရဖို့ မမျှော်လင့်ခဲ့တဲ့ မနော


ယခုနှစ်အတွင်း ပရိသတ်များအကြား ရေပန်းစားနေသည့် သီချင်းများသီဆိုထားသူ မနောက သတ္တမအကြိမ် ရွှေအက်ဖ်အမ် ဂီတဆုပေးပွဲတွင် ၂၀၁၆ တစ်နှစ် တာ မြန်မာသံ အမျိုးသားတေး သံရှင်ဆုရရှိခဲ့သည်။

‘‘ဆုရတဲ့အတွက် ဝမ်းသာပါ တယ်။ ရမယ်လို့လည်း မျှော်လင့် မထားဘူး။ အနီးကပ်မှ ပွဲကိုတက် ပေးပါဆိုလို့ ရအောင်လာခဲ့တာ’’ ဟု မနောက ပြောသည်။

မြန်မာသံတေးသံရှင်ဆုအ တွက် မနော၏ သီချင်းသုံးပုဒ်ကဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ‘ကျွန် တော်တို့ရွာ’ သီချင်းဖြင့် ဆုရရှိခဲ့ သည်။ ထို့အပြင် မနောက ရွှေအက်ဖ်အမ်၏ စိတ်ကြိုက်ရွေး ချယ်ခံရသော တေးသီချင်းဖော်စပ်သူဆုနှင့် ဖေ့စ်ဘွတ်ခ်မှတစ် ဆင့် ရွှေအက်ဖ်အမ်သို့ အတောင်းခံရဆုံး တေးသံရှင်ဆုအတွက် လည်း ဆန်ခါတင်စာရင်းဝင်ခဲ့ သည်။သတ္တမအကြိမ် ရွှေအက်ဖ် အမ်ဂီတဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်ညက နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ဂီတနှင့်သက်ဆိုင်သည့် ဆုများအပါအဝင်အခြားဆုများ ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ၂၀၁၆ တစ်နှစ်တာပတ်လုံးအ တွက် ဂီတဆုများ ပေးအပ်ခဲ့ရာ မြန်မာသံ အမျိုးသားတေးသံရှင်  ဆုကို မနော၊ မြန်မာသံ အမျိုး သမီးတေးသံရှင်ဆု အိအိချွန်၊ ရွှေ အက်ဖ်အမ်က စိတ်ကြိုက်ရွေး ချယ်ခဲ့သော တေးသီချင်းအနက်တေးသီချင်းဖော်စပ်သူဆုကို ‘ကိုယ်အရမ်းလွမ်းနေပြီ’ သီချင်းဖြင့် ကိုင်ဇာ၊ ဖေ့စ်ဘွတ်ခ်မှတစ် ဆင့် ရွှေအက်ဖ်အမ်သို့ အတောင်းခံရဆုံး တေးသံရှင်ဆုကို ‘သစ္စာ မပျက်ကြေး’သီချင်းဖြင့် နီနီခင်ဇော်၊ အကောင်းဆုံး MusicVideo ရိုက်ကူးဖန်တီးပုံဖော်ခဲ့ သည့် ဒါရိုက်တာဆုကို ‘မျှော်လင့် ဆဲ’ သီချင်း MTV ရိုက်ကူးသူ ဒါရိုက်တာထူးပိုင်ဇော်ဦး၊ Myan-mar Idol Season 1 တွင် ထွက်ရှိသော Album များထဲမှ ရွှေပရိ သတ်၏ အားပေးမှုအများဆုံးနှင့် သီချင်းအတောင်းခံရဆုံး တေးသံရှင်ဆုကို Mဇော်ရိန်၊ သီချင်းအတောင်းခံရဆုံး အမျိုးသားတေးသံရှင်ဆုကို ရွှေထူး၊ သီချင်းအတောင်းခံရဆုံး အမျိုးသမီးတေး သံရှင်ဆုကို ရတနာမိုင်တို့က အသီးသီးရရှိခဲ့ကြသည်။

ထို့အပြင် ယခုနှစ်တွင် ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် မိမိကြိုက်နှစ် သက်ဆုံး အနုပညာရှင် (ရုပ်ရှင်၊ ဂီတ၊ သဘင်) Comment အများ ဆုံးဆုကိုပေးခဲ့ရာ သရုပ်ဆောင် ဟိန်းဝေယံက ရရှိခဲ့သည်။

ယခုနှစ် ရွှေအက်ဖ်အမ် ဂီတ ဆုပေးပွဲအခမ်းအနားတွင် ဖျော် ဖြေရေးအဖြစ် Myanmar Idol Season 1 ၏ ဆန်ခါတင် ၁၀ ဦးက တေးရေးဆရာ စိုင်းခမ်း လိတ်၏‘သဘာဝရဲ့ ရင်သွေးငယ်’သီချင်းဖြင့်    ဖျော်ဖြေပေးခဲ့ပြီး ဆုများ   ကြေညာချိန်အတွင်း၌ အားတီ၊ ဇွဲပြည့်၊ အမွန်းနှင့် Myan-mar  Girls အဖွဲ့တို့က ပါဖောမန့် များဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

Sources ; မနေ & 7 Day : ဇွဲဥဏ်

No comments:

Post a Comment