Latest News

Friday, December 23, 2016

ရွှေနဲ့ တွဲဝတ်တဲ့ အဆောင်များ

ရွှေနဲ့ တွဲဝတ်တဲ့ အဆောင်များ

ရွှေကို အလှအပအတွက်သာ မကဘဲ အဆောင်အနေနဲ့ပါ ဝတ်ဆင်ကြပါတယ်။

မြန်မာလူမျိုးများအတွက် ရွှေဟာ အဖိုးတန် ရတနာပါ။

ရွှေက ဝယ်လို့လည်း လွယ်သလို ပြန်ရောင်းရလည်း လွယ်တာမို့ ဝတ်ဆင်ရုံအတွက်သာမကဘဲ စုဆောင်းဖို့အတွက်လည်း ဝယ်ကြပါတယ်။ ဒါ့ပြင် လာဘ်လာဘ ပေါများစေတဲ့ အဆောင် လက်ဖွဲ့တွေကိုလည်း ရွှေနဲ့ပဲ ပြုလုပ်ကြပါသေးတယ်။

၁။ ကျောက်နီ

ကလေးငယ်လေးတွေကို ကျောက်နီနဲ့ရွှေ တွဲဖက်ပြီး အဆောင်အဖြစ် လူကြီးတွေက ဝတ်ဆင်ပေးကြပါတယ်။ အထူးသဖြင့် သမီးမိန်းကလေး မွေးထားသူတွေက ကျောက်နီနဲ့ နားကွင်း ဒါမှမဟုတ် နားဆွဲပြုလုပ်ပြီး ဝတ်ဆင်ပေးခြင်းက ကလေးတွေကို ကျန်းမာစေတယ်လို့ အယူရှိပါတယ်။

၂။ မောင်နှံ ခုနစ်ဖော်

ရွှေလက်စွပ်ကွင်း ခုနစ်ကွင်းကို လက်ချောင်းတစ်ချောင်းတည်းမှာ ဝတ်ဆင်ကြပါတယ်။ ခုနစ်ကွင်းလုံးဟာ အရွယ်အစား တူပေမဲ့ ပုံသဏ္ဌာန် ကွဲပြားပါတယ်။ မောင်နှံခုနစ်ဖော် လက်စွပ်ကို ဝတ်ဆင်ရင် လာဘ်လာဘ ပေါများပြီး စိတ်ချမ်းသာမှုကို ရရှိနိုင်တယ်လို့ အမျိုးသမီးတွေက ယုံကြည်ကြပါတယ်။

၃။ နဝရတ်ကိုးပါး

ဒါကတော့ အမျိုးသားတွေ ဝတ်ဆင်လေ့ရှိပါတယ်။ စိန်၊ ပုလဲ၊ ကြောင်၊ ဂေါ်မိတ်၊ မြ၊ ဥဿဖယား၊ နီလာ၊ သန္တာ၊ ပတ္တမြား စတဲ့ တွင်းထွက်ရတနာ ကိုးမျိုးကို လက်စွပ်မှာ မြှုပ်နှံပြီး ဝတ်ဆင်ကြတာပါ။ အစီအရင်တွေနဲ့ အထူးပြုလုပ်ထားတဲ့ နဝရတ်လက်စွပ်ဟာ အောင်မြင်ပြီးမြောက်မှု၊ သြဇာကြီးမားမှုနဲ့ အလုံးစုံသော သိဒ္ဓိအစွမ်းတွေကို ရရှိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
     
Sources : Duwun

No comments:

Post a Comment