Latest News

Tuesday, December 13, 2016

လွိုင်လင်မြို့နယ်တွင်စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

လွိုင်လင်မြို့နယ်တွင်စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၁၃

မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက်က လွိုင်လင်မြို့နယ် လွိုင်လင်-နမ့်စန် သွားလမ်း ပန်ခေါက်ဟူးကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် နမ့်စန် မြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည် ယာဉ်ကို ရှာဖွေရာ ခရီးသည် မယားမီးစောထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၅ဝဝဝဝ နှင့် မနာလုံထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ဝဝဝဝ ကို လည်းကောင်း၊ အလားတူ ဒီဇင်ဘာ ၁၂ ရက်က မူးယစ်တပ်ဖွဲ့စု (၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုရင့်နောင်နယ်မြေရဲစခန်း၏ မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက် တရားခံဇော်ထူး(ခ) ဦးခွားအား မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးOK Smile ဘီယာဆိုင်ရှေ့တွင် အငှား ယာဉ်၏ ယာဉ်မောင်းထိုင်ခုံ၌ထိုင်လျက် တွေ့ရှိ၍ ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁ဝဝ၊ အိုက်စ်ဂရမ် ၁၂ဝ၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် မြန်မာငွေကျပ် တစ်သိန်းတို့ကို လည်းကောင်း သိမ်းဆည်းရမိသဖြင့် ¤င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ) MOI

No comments:

Post a Comment