Latest News

Tuesday, December 13, 2016

အင်းတော် နတ်ပေါက်ဆင်စခန်းတွင် ဆင်စီးရင်း တောတစ်ပတ်လည်နိုင်

အင်းတော် နတ်ပေါက်ဆင်စခန်းတွင် ဆင်စီးရင်း တောတစ်ပတ်လည်နိုင်


အင်းတော် ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးရေးအတွက် အင်းတော်မြို့နယ် နတ်ပေါက်ဆင်စခန်းသို့ ရောက်ရှိပြီး ဆင်စခန်းအခြေအနေ၊ ဝန်ဆောင်မှု အခြေအနေများ ကြည့်ရှုလေ့လာပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ကို ဆွေးနွေးမှာကြား၍ ဆင်စခန်းအတွက် ထောက်ပံ့အလှူငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

''ဆင်စီးရင်း တောတစ်ပတ်လည်ကြ မယ်၊ ဆင်တွေရေချိုးတာလေ့လာကြ မယ်၊ ဆင်စာတွေကျွေးကြမယ်၊ အမှတ်တရ ဆင်ရုပ်ကလေးတွေ လက်ဆောင်ဝယ်ရင်း တောအလှ၊ တောင်အလှတွေနဲ့ အပန်း ဖြေပျော်စရာကောင်းပြီး ဆင်စခန်း ဝင်ကြေးက ငွေကျပ် ၃ဝဝဝ၊ ဆင်စီးရင် ငွေကျပ် ၃ဝဝဝ၊ ဆင်စာကြွေးရင် ငွေကျပ် ၃ဝဝဝ ဖြစ်ပါ တယ်။

 နိုင်ငံခြားသားဆိုရင် ဈေးတစ်မျိုးပါ'' ဟု ဆင်စခန်း တာဝန်ရှိသူက ပြောသည်။ ယခင်နှစ်က နတ်ပေါက်ဆင်စခန်း ဝင်ငွေသည် သိန်း ၁၉ဝ ရရှိခဲ့ကြောင်း၊ နိုင်ငံတော်အတွက် တစ်ဖက် တစ်လမ်းက ဝင်ငွေရှာပေးနေသည့် အပန်းဖြေ စရာစခန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(အင်းတော်)MOI

No comments:

Post a Comment