Latest News

Friday, December 23, 2016

ကချင်ဒေသမှ စစ်ပြေး ဒုက္ခသည်များ တိုက်ပွဲများမှ ပြေးမလွတ် ဖြစ်နေဟု ဆို

ကချင်ဒေသမှ စစ်ပြေး ဒုက္ခသည်များ တိုက်ပွဲများမှ ပြေးမလွတ် ဖြစ်နေဟု ဆို


KIA ဌာနချူပ်ရုံး တည်ရှိရာ လိုင်ဇာအနီးသို့ ဒုက္ခသည်များ ထွက်ပြေး နေရကြောင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများ ကူညီ ထောက်ပံ့ ပေးနေသည့် ပဋိပက္ခများ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ဖြစ်သည့် Joint Strategy Team မှ အတွင်းရေးမှူး ဦးဂွမ်ရှအောင် က ပြောသည်။

“အခု အခြေအနေက စိုးရိမ်ဖွယ်ရာ ဖြစ်စေတဲ့ အတွက် သူတို့ စိုးရိမ်ပြီး ဂီဒုံ ၀န်းကျင်နား ကနေ လိုင်ဇာနားကို ဒုက္ခသည် ၅၀၀၀ လောက် ရွှေ့သွားကြတယ်” ဟု ၄င်းက ပြောသည်။

ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ခိုက်ရာတွင် အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မိခြင်း၊ IDP စခန်းများ အနီး လက်နက်ကြီးများ ကျရောက်ခြင်းများရှိခဲ့ရာ မုန်လန်ကျက်(၀ယ်ကြိုင်) စခန်းမှ IDP များမှာ ထိတ်လန့်စိတ်ဒဏ်ရာ များစွာ ခံစားနေရပါသည်။ IDP များ လတ်တလော သွားရောက် ခိုလှုံနေသော လိုင်ဇာနှင့် တရုတ်ပြည်ဘက် ထွက်ပြေး တိမ်းရှောင်ရုံမှ လွဲ၍ အခြားပြေးစရာ မြေမရှိတော့ပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဖွဲ့အနေဖြင့် ရွှေ့ပြောင်း နေထိုင်သူများနှင့် ဒေသခံ ပြည်သူများ အကာအကွယ် ပေးနိုင်ရေးအတွက် အစိုးရ အနေဖြင့် ထိုးစစ်ဆင်နေခြင်းများ အဆုံးသတ်ရန် တိုက်တွန်းထားသည်။

“ဒီစစ်ဆင်ရေးရပ်ဆိုင်းဖို့ အမျိုးသားရေး ဦးစားပေးအဖြစ် တောင်းဆိုလိုပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကချင်ပြည်နယ်သို့ လာရောက်၍ IDP များ၏ ဆိုးဝါးလှသည့် လူနေမှုဘ၀ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှု စေလိုပါသည်။ မိမိပြည်သူများ၏ အသက်အိုးအိမ်နှင့် လူ့အခွင့်အရေးများကို အကာအကွယ် ပေးရန်မှာ အစိုးရတိုင်း၏ တာဝန် ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကက်သလစ် ဆရာတော်ကြီးများ ကွန်ဖရင့် မြန်မာ (CBCM) က ဒီဇင်ဘာ ၁၇ ရက်နေ့က နိုင်ငံသားများ အနေဖြင့် နိုင်ငံအ၀ှမ်း ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်ရန် ဆုတောင်း ပေးစေလိုကြောင်း တိုက်တွန်းထားသည်။

လိုင်ဇာအနီး ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ဒေသခံ လူသားချင်း စာနာမှု ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ မဟာမင်းကြီးရုံး အဆိုအရ နိုဝင်ဘာ ၂၀ ရက်က ၁၅၀၀၀ ခန့် တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းခြင်းများ ရှိပြီး ထပ်ပေါင်းသည့်အတွက် နောက်ထပ် ၂၄၀၀ ထပ်ပေါင်းထည့်ကြောင်း ဆိုသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ ထုတ်ပြန်ချက်တွင် နေထိုင်ရာနေရာများ လုပ်ဆောင်ဖို့ ကိစ္စနှင့် ပတ်သက်ပြီး “လူသားချင်း စာနာ ထောက်ထားမှု အကျပ်အတည်းများသည် အရေးပေါ်  အခြေအနေ ဖြစ်နေပြီ။ လက်ရှိအစိုးရ လက်ထက်တွင် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှု ရရှိရေး မျှောင်လင့်ချက်များ မှေးမှိန်လာနေပါတယ်” ဟု ဖော်ပြထားသည်။

Sources : စိုင်းဟန် The Ladies News

No comments:

Post a Comment