Latest News

Friday, December 23, 2016

ခရီးသည် ၁၁၈ ဦးပါ လစ်ဗျားလေယာဉ်တစ်စင်း ပြန်ပေးဆွဲခံထားရ

ခရီးသည် ၁၁၈ ဦးပါ လစ်ဗျားလေယာဉ်တစ်စင်း ပြန်ပေးဆွဲခံထားရ



ဗာလက်တာ၊ ဒီဇင်ဘာ ၂၃ ။         ။ ခရီးသည် ၁၁၈ လိုက်ပါသည့် လစ်ဗျားလေယာဉ်တစ်စင်း ပြန်ပေးဆွဲခံရကာ မော်လ်တာနိုင်ငံသို့ လမ်းကြောင်းပြောင်း အတင်းဆင်းသက်ခံရကြောင်း Afriqiyah လေကြောင်းလိုင်းက အတည်ပြုသည်။

Airbus A320 လေယာဉ်က လေကြောင်းလိုင်းအတွက် လစ်ဗျားနိုင်ငံတွင်း၌ပင် ပျံသန်းစဉ် ယခုကဲ့သို့ လမ်းကြောင်းပြောင်းဆင်းသက်ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြသည်။

ပြန်ပေးဆွဲသူမှာ နှစ်ဦးဖြစ်ကြောင်း၊ လေယာဉ်ကို ဗုံးခွဲမည် ခြိမ်းခြောက်ကြောင်း ကနဦးသတင်းများအရ သိရသည်။

မော်လ်တာဝန်ကြီးချုပ် ဂျိုးဆက်မူစကက်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား အသင့်ဖြန့်ကြက်ထားကြောင်း ပြောသည်။

လေဆိပ်သို့ ဝင်ရောက်နှောင့်ယှက်မှုတစ်ရပ်ဖြစ်ပွားကြောင်း မော်လ်တာအပြည်ပြည်ဆိုင်ရာလေဆိပ်က တွစ်တာတွင် အတည်ပြုရေးသည်။

အရေးပေါ်အဖွဲ့များကိုလည်း စေလွှတ်ထားကြောင်း ဆိုသည်။

လေယာဉ်ရောက်ရှိနေရာ တစ်ဝိုက် စစ်သားများ၊ အထူးတပ်ဖွဲ့ဝင်များ၏ ယာဉ်များကို တွေ့ရကြောင်း မော်လ်တာရှိ ရိုက်တာသတင်းထောက်က ပြောသည်။

မော်လ်တာလေဆိပ်သို့ ဆင်းသက်ရန်ရှိသည့် လေယာဉ်တစ်ချို့လည်း လမ်းကြောင်းပြောင်းကာ အီတလီက စီဆီလီကျွန်းသို့ ဆင်းသက်နေရသည်

Sources ;Mizzima

No comments:

Post a Comment