Latest News

Saturday, December 24, 2016

ကားနှင့်ဆိုင်ကယ်တိုက်မိလူ ( ၂ )ဦးသေဆုံးမှုဖြစ်ရပ်မှန်

ကားနှင့်ဆိုင်ကယ်တိုက်မိလူ ( ၂ )ဦးသေဆုံးမှုဖြစ်ရပ်မှန်



၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ယာဉ်တိုက်မှု
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဒူးယားတိုက်နယ် သပြုပင်ကျေးရွာအနီးတွင် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၁၀နာရီခန့်တွင် ယဉ်တိုက် မှုဖြစ်ပွားခဲ့ရာ(၂)ဦးသေဆုံးပြီး (၁)ဦးဒါဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

မြန်အောင်မြို့နယ်၊အင်ပင်မြို့မှ ညနေ ၄ နာရီ ၃၀ မိနှစ် အချိန် ရိုးမမောင်မော်တော်ယဉ်လိုင်း 5c/5343 (Hondai) ခရီးသည်တင်ယဉ်သည်စတင်ထွက်ခွာလာခဲ့ရာ ဟင်္သာတမြို့သို့ည ၉ နာရီ ၃၀ တွင်ရောက်ရှိခဲ့ပါသည်။ဟင်္သာတမှဆက်လက်ထွက်ခွာလာခဲ့ရာ ဒူးယားတိုက်နယ်မရောက်ခင် ဟင်္သာတဇလွန်လမ်းမိုင်တိုင် 4/6 နှင့် 4/7 ကြား သပြုပင်ကျေးရွာအနီးတွင် ဒူးရားဘက်မှ (၃)ရောက်စီးကာ အရှိန်ပြင်းစွာမောင်းနှင်လာသောမော်တော်ဆိုင်ကယ်သည် မိမိမောင်းနှင်လာသောယဉ်ကြောဘက်မှ ကားမောင်းလာသောပြောင်းပြန်ယဉ်ကြောဘက်သို့ရုတ်တရက်တက်လာရာ တဘက်ကားမှာအချိန်မှီမရှောင်သဖြင့် ကား၏ညာဘက်ထောင့်ဖြင့်တိုက်မိသွားကြောင်း ကားပေါ်ရှိ ထိုင်ခုံ အမှတ်(၁)တွင်လိုက်ပါလာသော ခရီးသွားပြည်သူ ဦးဟန်ဌေး (အင်ပင်) ထံမှသိရှိရပါသည်။

ဆိုင်ကယ်ပေါ်တွင်ပါလာသူများမှာ ဆလားဘွယ်(၂၁)နှစ်၊ဗွေလ(၁၄)နှစ် နှင့် ဝေဖြိုး(၂၂)နှစ် တို့ဖြစ်ပြီးအိုင်ကြီးပနီကုန်းရွာ သပြုပင်အုပ်စု တွင်နေထိုင်ကြသူများဖြစ်ကြပါသည်။ ဆလားဘွယ်နှင့်ဗွေလ တို့မှာဒါဏ်ရာဖြင့်သေဆုံးသွားခဲပါသည်။

ရိုးမမောင်ယဉ်လိုင်း (အင်ပင်-ရန်ကုန်)5C/5343 ခရီးသွားဉ်အား မောင်းနှင်လာသော ယဉ်မောင်း မောင်ခိုင်ဇော် အသက်(၂၇)အဘ ဦးမောင်ဦး (ဓနုဖြူ )အား ယဉ်ပ-၁၃ ဥပဒေပုဒ်မ ၃၀၄(က)၊၃၃၇၊၃၃၈၊၂၇၉၊၂၀၂၊ဖြင့်ဒူားးနယ်မြေရဲစခန်းမှ အဆိုပါအခင်ဖြစ်မော်တော်ယဉ်နှင့်အတူ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း စခန်းမှူးထံမှသတင်းရရှိပါသည်။

သတင်း၊ဓာတ်ပုံ / Ko Yan Naing

No comments:

Post a Comment