Latest News

Saturday, December 24, 2016

ငယ်ဘ၀ကင်းထောက်အတွေ့အကြုံများကို ပြန်ပြောင်းပြောပြသည့် ဒေါ်အောင်ဆန်းစုကြည်

ငယ်ဘ၀ကင်းထောက်အတွေ့အကြုံများကို ပြန်ပြောင်းပြောပြသည့် ဒေါ်အောင်ဆန်းစုကြည်


ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ် ကင်းထောက်ဘ၀မှတ်တမ်းဓာတ်ပုံ

ကင်းထောက်အဖွဲ့၏ ဆောင်ပုဒ်သည် အမြဲတမ်းအဆင် သင့်ဖြစ်နေရမည်ဆိုသည့် အဓိ ပ္ပာယ်ဖြစ်ပြီး ဘ၀မှာပေါ်ပေါက် လာသော စိန်ခေါ်မှုများအတွက် ရင်ဆိုင်ရန်အဆင်သင့်ဖြစ်ရမည် ဆိုသည့်အဓိပ္ပာယ်ဖြစ်ကြောင်း ကင်းထောက်ဟောင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

မြန်မာနိုင်ငံသမ္မတကင်း ထောက်အဖွဲ့တွင်  ပထမဦးဆုံးစာ မေးပွဲကို ဖြေဆိုအောင်မြင်သူများ၌ ပါဝင်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာကင်းထောက် ရာပြည့်အခမ်းအနား၌ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဘ၀စိန်ခေါ်မှုများကို ရင်ဆိုင် ရာတွင် နည်းအမျိုးမျိုးရှိကြောင်း နှင့် နည်းမှန်လမ်းမှန်ဖြင့် ရင်ဆိုင် ရန်သည်အဓိကဖြစ်ကြောင်း၊ မှန်ကန်သော နည်းလမ်းဖြင့်ဖြေရှင်းပါက လူမှုအသိုင်းအ၀ိုင်းအတွက် ကောင်းကျိုးဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်ကပြောကြား သည်။

‘‘ကင်းထောက်အဖွဲ့ရဲ့ ဆောင်ပုဒ်ကတော့ အမြဲတမ်းအ ဆင်သင့်ဖြစ်နေရမယ်ဆိုတဲ့ အဓိ ပ္ပာယ်ပါ။ ဘ၀မှာ ဘာစိန်ခေါ်မှု တွေပဲ ပေါ်လာပေါ်လာ အဆင် သင့်ရင်ဆိုင်နိုင်ဖို့ဖြစ်ပါတယ်။ ဘ၀မှာစိန်ခေါ်မှုတွေပေါ်လာတဲ့  အခါမှာ ရင်ဆိုင်နိုင်ဖို့ နည်းအမျိုး မျိုးရှိပါတယ်။ နည်းမှန်လမ်းမှန် ကို ရွေးနိုင်ဖို့ကလည်း အဓိကကျ ပါတယ်။ ရင်ဆိုင်ရမယ့်ကိစ္စတွေ ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရင် ဆိုင်ခဲ့လို့ရှိရင် ကျွန်မတို့အကျိုးအ တွက်လည်းဖြစ်သလို ကျွန်မတို့ အသိုင်းအ၀ိုင်းအတွက် အကျိုး လည်းဖြစ်ပါတယ်။ ဒါကြောင့်အ စုအဖွဲ့နဲ့ လုပ်တယ်ဆိုတာက တစ်နည်းအားဖြင့် အတ္တစိတ်ကို အနိုင်ယူလိုက်ခြင်းဖြစ်ပါတယ်’’

မြန်မာကင်းထောက်ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ၎င်း၏ငယ်စဉ်က ကင်း ထောက်ဘ၀အတွေ့အကြုံနှင့် ခေါင်းဆောင်နှင့်နောက်လိုက်ပူး ပေါင်းဆောင်ရွက်ရေး ရဲဘော်ရဲ ဘက်စိတ်မွေးမြူရန်အကြံပြုပြော ကြားခဲ့သည်။

‘‘ကျွန်မတို့ ငယ်ငယ်ကကင်း ထောက်အဆင့်မြင့်သင်တန်းတွေ မှာ စာမေးပွဲတွေဖြေဖို့အတွက် ပြင်ဆင်ရပါတယ်။ ဒီစာမေးပွဲတွေ မှာ သိဖို့၊တတ်ဖို့လိုတဲ့အထဲမှာ အ မျိုးမျိုးပါပါတယ်။ ကျွန်မတစ်ခု မှတ်မိတာကတော့ ကင်းထောက် မောင်မယ်များရဲ့ စာမေးပွဲဖြေဖို့ ထမင်းချက်တတ်ရမယ်။ ကျွန်မ အဲဒီတုန်းက ထမင်းလုံးဝမချက် တတ်ဘူး။ ကင်းထောက်အများစု က ထမင်းကို ရေငှဲ့ချက်ကြတယ် ဆိုတာ ကျွန်မသဘောပေါက် တယ်။အိမ်မှာ ဘယ်တော့မှ ရေငှဲ့ မစားရဘူး။ မေမေက ကျန်းမာ ရေးကို ဂရုစိုက်တော့ရေခန်းပဲ စားရတယ်။ ထမင်းကိုရေငှဲ့ချက် လိုက်ရင် အစာအာဟာရတွေ လျော့သွားတယ်။ဒါကြောင့်မို့လို့ ကျွန်မတို့နိုင်ငံမှာ အားလုံးထမင်း ကိုရေငှဲ့မစားဘဲနဲ့ ရေခန်းချက်စား ဖို့ဆိုပြီးတော့ မေမေတို့အရင်တုန်း ကတော့ လူမှုဝန်ထမ်းဌာနအနေ နဲ့ တိုက်တွန်းခဲ့တဲ့အချိန်မှာ အိမ် မှာလည်း ရေခန်းပဲစားရတယ်။ အဲဒီတော့ ကျွန်မတော်တော်ဒုက္ခ ရောက်တယ်။ ထမင်းကိုရေငှဲ့မ ချက်တတ်ဘူး’’ဟု ဒေါ်အောင် ဆန်းစုကြည်က ငယ်စဉ်ကင်း ထောက်ဘ၀အမှတ်တရ အဖြစ် အပျက်ကို ရယ်မောကာ ပြောကြားခဲ့သည်။

နိုင်ငံတိုင်းတွင် လူငယ်များ အတွက် ခေါင်းဆောင်မှုသင်တန်း များသာပုံစံအမျိုးမျိုးရှိပြီးနောက် လိုက်များအတွက် မရှိကြောင်း ခေါင်းဆောင်၊ နောက်လိုက်မခွဲ ခြားဘဲ အတူတကွပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

‘‘ကျွန်မတို့ နိုင်ငံမှာရောတစ် ကမ္ဘာလုံးမှာရော လူငယ်တွေအတွက် သင်တန်းတွေရှိတဲ့အထဲမှာ တော်တော်များများက ခေါင်းဆောင်ဖြစ်မြောက်ရေးသင်တန်းကိုပဲ ဦးတည်တယ်။ ခေါင်းဆောင်အရည်အချင်းမြှင့် သင်တန်း၊ ခေါင်းဆောင်ဘယ်လိုလုပ်ရလဲသင်တန်း၊ အဲဒီတော့ နောက်လိုက် တွေအတွက်ကကောဘယ်လိုလဲ၊ အားလုံးက ခေါင်းဆောင်တွေ ချည်းပဲဆို ဘယ်သူကနောက်က လိုက်မှာလဲ၊ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေမဟုတ်ဘဲနဲ့ ပူးတွဲ ပေါင်းစည်းပြီးလုပ်ဆောင်ဖို့ဆိုတဲ့ စိတ်ဓာတ်ကိုအားပေးတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က အကြံပြု ပြောကြားသည်။

ရဲဘော်ရဲဘက်စိတ်သည် သွေးရင်းသားရင်းထက်ပို၍နီးစပ် သော စိတ်ဓာတ်ဖြစ်ကြောင်းနှင့် ငါစွဲအတ္တစိတ်မဟုတ်ဘဲ အဖွဲ့အ စည်းစိတ်ဓာတ်ဖြစ်သောကြောင့် ရဲဘော်ရဲဘက်စိတ်မွေးမြူရန်ဒေါ် အောင်ဆန်းစုကြည်က တိုက် တွန်းပြောကြားသည်။

‘‘အေးအတူပူအမျှ ခံစရာရှိ ရင်လည်းအတူခံမယ်။ ကူစရာရှိ ရင်လည်း အားလုံးဝိုင်းကူမယ်။ ပံ့ ပိုးမယ်။ ဒါဟာရဲဘော်ရဲဘက်စိတ် ပါ။ ရဲဘော်ရဲဘက်စိတ်နဲ့သွေးရင်း သားရင်းအပေါ်မှာ နီးစပ်တဲ့စိတ် ဘာကွာလဲဆိုတော့ အတ္တနည်း တာကွာတယ်။ ငါ့မိသားစု၊ ငါ့ မောင်နှမ၊ ငါ့သားငါ့သမီးဆိုတဲ့ ငါက အမြဲပါနေတယ်။ အဲဒါက အတ္တ။ ကျွန်မတို့ရဲဘော်ရဲဘက် စိတ်မှာ ငါတို့အတူ၊ ငါတို့ရဲဘော် ရဲဘက်တွေဆိုတဲ့စိတ်ဓာတ်ဖြစ် တဲ့အတွက် ငါတို့ဆိုတဲ့အဖွဲ့အ စည်းစိတ်ဓာတ်ပါပါတယ်။ ဒါ ကြောင့် ကျွန်မတို့ ကင်းထောက် မောင်မယ်များဟာ အဖွဲ့အစည်း စိတ်ဓာတ်လေ့ကျင့်ပိုင်ခွင့်ရှိတာ ကို အခွင့်အရေးယူပြီးတော့ ကိုယ့် ရဲ့ပတ်ဝန်းကျင်အတွက်၊ ကိုယ့်ရဲ့ နိုင်ငံအတွက် မှန်ကန်တဲ့ ရဲဘော် ရဲဘက်စိတ်မွေးကြပါလို့ ကျွန်မအ နေနဲ့ တိုက်တွန်းချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြော ကြားသည်။

ကင်းထောက်လှုပ်ရှားမှုဆို သည်မှာ နိုင်ငံတစ်ခုအတွက်မ ဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက်အ ကျိုးထိရောက်သော လှုပ်ရှားမှု ဖြစ်သောကြောင့် ကင်းထောက် မောင်မယ်များအနေဖြင့် အနာ ဂတ်ကို ရှေးရှုပြီးရှေ့ဆက်ဆောင် ရွက်သွားစေလိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

‘‘အနာဂတ်ကို ရှေးရှုပြီးသွား စေချင်တယ်ဆိုတဲ့နေရာမှာကျွန်မ ပေါ့ပေါ့တန်တန်ပြောတာမဟုတ် ပါဘူး။ အခုဆိုလို့ရှိရင် ကျွန်မတို့ ရဲ့ကင်းထောက်အဖွဲ့က မိတ်ဆွေ တွေဟာ အရင်တုန်းက ကျွန်မတို့ ထဲက ကင်းထောက်မောင်မယ် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီ တုန်းကတည်းက ကျွန်မတို့ စည်း စည်းလုံးလုံးနေခဲ့တဲ့ စိတ်ဓာတ် တွေဟာ အခုထိရှင်သန်နေဆဲလို့ ကျွန်မမြင်ရပါတယ်။ ကင်း ထောက်များဟာ အရည်အချင်းပြည့်ဝတယ်။ ကင်းထောက်များဟာ ကိုယ့်ရဲ့ ကင်းထောက်ကျင့်ဝတ်တွေကို လိုက်နာရတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က အကြံပြုပြောကြားသည်။

မြန်မာကင်းထောက်အဖွဲ့ ကို ၁၉၁၆ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၄၌ ရပ်ဆိုင်းခဲ့ကာ နှစ်ပေါင်း ၄၈ နှစ်အကြာ၂၀၁၂တွင် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၂၀၁၆  သြဂုတ် ၁၁ရက်တွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ ၁၆၃ နိုင်ငံက မြန်မာကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် ၁၆၄ နိုင်ငံအဖြစ် ကန့်ကွက်မဲမရှိ အတည်ပြုခဲ့သည်။

ကင်းထောက်ရာပြည့်အ ခမ်းအနားသို့ ပြည်ထောင်စုဝန် ကြီးများ၊ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်တိုင်းဒေ သကြီးဝန်ကြီးများ၊ မြန်မာကင်း ထောက်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ ၀င်များ၊ နိုင်ငံတကာကင်းထောက် အဖွဲ့ချုပ်များမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံအမျိုးသားပညာ ရေးမူဝါဒကော်မရှင်၊ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံကင်း ထောက်ကြီးသူရဦးတင်ဦးအမှူး ပြုသည့် ကင်းထောက်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသားကင်း ထောက်အဖွဲ့နှင့် မြန်မာနိုင်ငံအ မျိုးသမီးကင်းထောက်အဖွဲ့တို့မှ အဖွဲ့ဝင်များ၊ ကင်းထောက်အ ကျိုးဆောင်အဖွဲ့ဝင်များ၊ တက္က သိုလ်နှင့်အခြေခံပညာကျောင်း များမှ ကင်းထောက်ဆရာများနှင့် ကင်းထောက်များ၊ ဆုရကင်း ထောက်များ၊ မြန်မာနိုင်ငံကြက် ခြေနီအဖွဲ့၊ မြန်မာနိုင်ငံရေကြောင်းလူငယ်အဖွဲ့နှင့် မြန်မာ နိုင်ငံလေကြောင်းလူငယ်အဖွဲ့တို့ မှအဖွဲ့ဝင်များ တက်ရောက်ခဲ့ သည်။

Sources; 7 Day

No comments:

Post a Comment