Latest News

Saturday, December 24, 2016

မလေးရှားမှာ အဝေးပြေးကားတစ်စီး လျှိုထဲကျ၊ ၁၄ ဦးသေဆုံး၊ မြန်မာနှစ်ဦးအပါအဝင် ၁၆ ဦးဒဏ်ရာရ

မလေးရှားမှာ အဝေးပြေးကားတစ်စီး လျှိုထဲကျ၊ ၁၄ ဦးသေဆုံး၊ မြန်မာနှစ်ဦးအပါအဝင် ၁၆ ဦးဒဏ်ရာရ

 ဒီဇင်ဘာ ၂၄ ၂၀၁၆ ခုနှစ်

မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ် တောင်-မြောက်အဝေးပြေးလမ်းမကြီးကနေ ၁၃၇ ကီလိုမီတာ အကွာရှိ ၆ မီတာနက်တဲ့လျှိုအတွင်းကို အဝေးပြေးကားတစ်စီးထိုးကျသွားခဲ့တယ်လို့သိရပါတယ်။

စနေနေ့မှာ ဖြစ်ပွားခဲ့တဲ့သည်ဖြစ်ရပ်မှာ ၁၄ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဂျိုဟာမီးသတ်နှင့်ကယ်ဆယ်ရေးဌာနအရ သိရပါတယ်။

သေဆုံးသူတွေထဲမှာ ယာဉ်မောင်းဖြစ်သူနဲ့ မွေးကင်းစကလေးငယ်တစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုအတွင်းဒဏ်ရာရသူတွေထဲမှာ စင်ကာပူလူမျိုးနှစ်ဦး၊ မလေးရှား ရှစ်ဦးနဲ့ မြန်မာနိုင်ငံသားနှစ်ဦး တို့ပါဝင်တယ်လို့ မူအာဆေးရုံအရာရှိတွေက ပြောပါတယ်။

ကနဦးလူအသေအပျောက်စာရင်းက ၁၃ ဦးဖြစ်ပေမယ့် ဒဏ်ရာပြင်းထန်သူတစ်ဦးက Sultana Fatimah အထူးကု ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ခရီးသည် အယောက်၃၀ တင်ဆောင်လာတဲ့ Alisan Golden Coach Express bus ဟာ ကွာလာလမ်ပူ ကနေ ဂျိုဟာဘာရူကို မောင်းနှင်လာတာဖြစ်တယ်လို့ ဂျိုဟာမီးသတ်နှင့်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

သည်ကားက အဝေးပြေးလမ်းပေါ်မှာဘီးချော်ပြီး လျှိုထဲကျသွားခဲ့တာဖြစ်ပါတယ်။

Sources; Bernama/CNA/mn, Dec-24, 2016 YSD; Kumudra

No comments:

Post a Comment