Latest News

Monday, December 5, 2016

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်ေပြောပြီ

" ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် ပြောပြီ "

ကျမတို့ဆောင်ရွက်နေတာတွေကို နိုင်​ငံတကာ အသိုင်းအဝိုင်း က ပံ့ပိုးကူညီမယ်ဆိုရင် ကျေးဇူးတင် အသိအမှတ် ပြုရပါလိမ့်မယ် ၊ အဲ့ဒီလိုမှမဟုတ်ပဲ အခြေအနေကို အဆိုးဖက်ကပဲ မြင်နေမယ်ဆိုရင်တော့ ဘာအကျိုးမှရှိမှာ မဟုတ်ပါဘူး ၊ တကယ်တော့ ဒေသခံ ရဲတပ်ဖွဲ့ကို လူဆိုးတွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အစိုးရတပ်ဖွဲ့က စစ်ဆင်ရေး လုပ်နေရတာကို ကမ္ဘာက မမေ့ကြဖို့လိုပါတယ် ... ။

အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စိုးရိမ် တုန်လှုပ်နေကြရသူတွေဟာ မွတ်ဆလင်တွေချည်း မဟုတ်ပါဘူး ၊ ရခိုင်တိုင်းရင်းသားတွေကလည်း ပူပန် ခြောက်ခြားနေရတာပါပဲ ၊ အဲ့ဒီ ဒေသမှာ ရခိုင်လူဦးရေ တစ်နေ့တခြား နည်းပါး ပျောက်ကွယ်သွားမှာကို ရခိုင်လူမျိုးတွေကလည်း ရတတ်မအေး ဖြစ်နေကြပါတယ် ... ။

မောင်တောနယ်မြေမှာ ဘာအခက်အခဲမှမရှိဘူးလို့ ကျမ မပြောပါဘူး ၊ ဒါပေမဲ့ ပြဿနာတွေကို ပုံကြီးချဲ့ပြီး ပိုဆိုးလာအောင်လုပ်မဲ့အစား အခက်​အခဲတွေကို အသိအမှတ်ပြုပြီး အဖြေရှာတာက ပိုကောင်းပါလိမ့်မယ် ... ။

#ဒေါ်အောင်ဆန်းစုကြည် ( CNA / ​မေးမြန်းခန်း )
 U Tun Wai

No comments:

Post a Comment