Latest News

Monday, December 5, 2016

ဧရာဝတီတိုင်းဒေသကြီးမှ ရွေးချယ်ခံစည်ပင်ကော်မတီဝင်များ ကိုယ်အိတ်ထဲထည့်ရင် ဖြုတ်မည် ဟု တိုင်းဝန်ချုပ်က ပြော

ဧရာဝတီတိုင်းဒေသကြီးမှ ရွေးချယ်ခံစည်ပင်ကော်မတီဝင်များ
ကိုယ်အိတ်ထဲထည့်ရင် ဖြုတ်မည် ဟု တိုင်းဝန်ချုပ်က ပြော

"မြို့နယ်သူမြို့နယ်သားတွေ အကျိုးအတွက်မဟုတ်ဘဲ ကိုယ်အကျိုးအတွက် အိတ်ထဲထည့်ရင် ဖြုတ်လိုက်မယ်။ ဝန်ကြီးချုပ်တယောက်လုပ်ပိုင်ခွင့် ဘာတွေရှိလည်းဆိုတာ ပြန်လေ့လာ၊ ဖြုတ်ကိုပစ်မှာ မဖြုတ်လို့မရဘူး။ အဲဒီလိုတော့အဖြစ်မခံဘူး။ ခြိမ်းခြောက်တာမဟုတ်ဘူး။ တကယ်ပြောနေတာ။
 ပြည်သူတွေ တိုင်ခိုင်းထားတဲ့ သူများကို ဂုဏ်သရေပျက်စေလိုသော် အန္တရာယ်ရှိစေလိုသော သူများကို
ဒုက္ခရောက်စေလို့တိုင်ရင် တရားစွဲမယ်။ တိုင်တဲ့သူတိုင်ပါ။ မဟုတ်ရင် တရားပြန်စွဲမယ် ။ အပြန်အလှန်
ထိန်းကျောင်းမှုပေါ့”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမန်းဂျော်နီက မြို့နယ်မြို့များ
စည်ပင်သာယာကော်မတီများ ရက်တိုသင်တန်းနှင့်ခန့်အပ်လွှာပေးပွဲတွင်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊၂၆မြို့နယ် ၇မြို့တို့မှ စည်ပင်သာယာကော်မတီ ၈၅ ဦးအား ပုသိမ်မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ စည်ပင်လုပ်ငန်းများ သင်တန်းပေးပြီး ကော်မတီဝင်ခန့်အပ်လွှာများပေးအပ်သွားမည်ဖြစ်သည်။
Mizzima

No comments:

Post a Comment