Latest News

Monday, December 26, 2016

ဇန်နဝါရီမှာ အသင်းပြောင်းဖွယ်ရှိတဲ့ ထိပ်သီးကစားသမား အချို့


ဇန်နဝါရီမှာ အသင်းပြောင်းဖွယ်ရှိတဲ့ ထိပ်သီးကစားသမား အချို့

ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ်အသင်းတွေနဲ့အတူ အပြောင်းအရွှေ့ဖြစ်ဖွယ်ရှိတဲ့ထိပ်သီးကစားသမား အချို့ရှိပါတယ်။

ပရီးမီးယားလိဂ် ရာသီတစ်ဝက်ကျိုးချိန်ရောက်ပြီဖြစ်လို့ ဥရောပဘောလုံးလောကရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ဟာ စတင်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ်မှာ အသင်းအပြောင်းအရွှေ့ ဖြစ်ဖွယ်ရှိတဲ့ ထိပ်သီးကစားသမား အချို့ရှိပါတယ်။

ရိုဒရီဂွက်ဇ် (ရီးရဲလ်မက်ဒရစ်)

ရိုဒရီဂွက်ဇ်တစ်ယောက် ရီးရဲလ်မက်ဒရစ်စကနေ ပြောင်းရွှေ့ဖို့ သေချာသွားပြီဖြစ်ပါတယ်။ ဒီကိုလံဘီယာကစားသမားကို ချယ်လ်ဆီးက ခေါ်ယူချင်နေတယ်လို့သတင်းထွက်ထားပြီး ဇန်နဝါရီလထဲမှာ ပရီးမီးယားလိဂ် ရောက်လာနိုင်ပါတယ်။

အူလျှိုအာ (လက်စတာ)

လက်စတာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရတော့တဲ့အတွက် တိုက်စစ်မှူး အူလျှိုအာလည်း ဇန်နဝါရီမှာ အသင်းပြောင်းဖွယ်ရှိပြီး ဆန်းဒါးလန်းနဲ့ ဆွမ်ဆီးက ခေါ်ယူလိုနေတာပါ။

ဖေဘီယန်ဒက်ဖ် (မန်စီးတီး)

မန်စီးတီးအသင်းအတွက် ထုတ်မသုံးသလောက်ဖြစ်နေတဲ့ ဖေဘီယန်ဒက်ဖ်ကိုတော့ နယူးကာဆယ်နဲ့ ဝက်စဘရွန်းက စိတ်ဝင်စားနေပါတယ်။

မီခေးလ် (ချယ်လ်ဆီး)

ချယ်လ်ဆီးအတွက် လူစားဝင်ကစားရာမှာ နာမည်ကျော်တဲ့ မီခေးလ်ကိုတော့ ပြင်သစ်ကလပ် မာဆေးလ်က ခေါ်ယူချင်နေပြီး တရုတ်စူပါလိဂ်ကလပ်အသင်းတွေကလည်း မျက်စိကျနေပါတယ်။ လာမယ့်နွေရာသီမှာ မီခေးလ်က စာချုပ်သက်တမ်း ကုန်မှာပါ။

ရှနိုက်ဒါလင် (မန်ယူ)

မန်ယူအသင်း ပွဲထွက်စာရင်းမှာ ပါဝင်ဖို့ခက်ခဲနေတဲ့အတွက် ရှနိုက်ဒါလင်လည်း ဇန်နဝါရီမှာပဲ အသင်းပြောင်းဖို့ နီးစပ်နေပါတယ်။ ရှနိုက်ဒါလင်နဲ့အတူ ဒီပေးလည်း ပြောင်းရွှေ့ဖွယ်ရှိပါတယ်။ ရှနိုက်ဒါလင်က အဲဗာတန်ရောက်ဖွယ်ရှိပါတယ်။

လင်ဒီလော့ဖ် (ဘင်ဖီကာ)

မန်ယူအသင်းက ခေါ်ယူဖို့ အသံကျယ်ကျယ်လောင်လောင်ထွက်နေတဲ့ ကစားသမား ဖြစ်ပါတယ်။ နောက်ခံလူ လင်ဒီလော့ဖ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဘက်ဂိုဗစ် (ချယ်လ်ဆီး)

ချယ်လ်ဆီးအရန်ဂိုးသမား ဘက်ဂိုဗစ်ကို ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ စတုတ်စီးတီးနဲ့ အဲဗာတန်တို့က ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ ရယ်စရာကောင်းတာက ဂိုးသမားဘက်ဂိုဗစ်ဟာ စတုတ်စီးတီးကနေ ချယ်လ်ဆီးကို ပြောင်းလာတာဖြစ်ပါတယ်။

Source : Mirror : Duwun
 

No comments:

Post a Comment