Monday, December 26, 2016
ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးစာရေး ၁ ဦး အသတ်ခံရ
ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးစာရေး ၁ ဦး အသတ်ခံရ
၂၆.၁၂.၂၀၁၆၊ မောင်တောဒေသသတင်းများ
ဒီဇင်ဘာ ၂၆၊ ၂၀၁၆
ရေတွင်းကျွန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေး ရော်ဖီ ၂၈ နှစ် (ဘ) ဒီလာဟူဆိန်း သည် ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းတွင် အိမ်မှ ဗလီတက်ရန်သွားခဲ့စဉ် ၀မ်းဗိုက်ထိုးသွင်း၊ လည်ပင်း လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ရေတွင်းကျွန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေး ရော်ဖီ ၂၈ နှစ် (ဘ) ဒီလာဟူဆိန်းသည် ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းတွင် အိမ်မှ ဗလီတက်ရန်သွားခဲ့စဉ် ဒီဇင်ဘာ ၂၅ရက် မွန်းလွဲ ၂နာရီတွင် ကျေးရွာစာသင်ကျောင်း အနောက်ဘက် ဦးရှည်ကျ ချောင်းအနီး ပုဇွန်ကန်ဘေး၌ ၀မ်းဗိုက် ဓားထိုးဒဏ်ရာ၊ လည်ပင်းဓားထိုးဒဏ်ရာနှင့် လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ၄င်း၏ အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ ဆော်ဒီမူလာမှ တွေ့ရှိခဲ့ကြောင်း သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလောင်းအား မတွေ့ရှိရဘဲ နေအိမ်သို့သယ်ဆောင်သွားသည်ဟု သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သေဆုံးသူနေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရေတွင်းကျွန်း ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးတစ်ဦး ဖြစ်ကြောင်းသိရှိရကာ အလောင်းအား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
သေဆုံးသူသည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးတစ်ဦးဖြစ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရာတွင် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးအနေဖြင့် တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
Sources; State Counsellor Office Information Committee
ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးစာရေး ၁ ဦး အသတ်ခံရ
Reviewed by Ar Ti
on
3:01 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment