အကြမ်းဖက် ဘင်္ဂါလီများ ၀င်ရောက်လာနိုင်သဖြင့် နယ်စပ်ဂိတ်များကို ဖွင့်ထားမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ပါလီမန်တွင် ပြောကြား
နှစ်နိုင်ငံအကြား ကြီးမားသည့် အခြေအနေများ ဖြစ်လာနိုင်သည့်အတွက် ဘင်္ဂါလီများအတွက် နယ်စပ်ဂိတ်တံခါးကို မဖွင့်ပေးနိုင်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောသည်။
ဝန်ကြီးချုပ် ရှီဟတ်ဟာစီနာက “ဘင်္ဂလားဒေ့ရှ်နယ်ထဲ မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာတဲ့ ဒုက္ခသည် အများအပြားကို လက်ခံထားပြီး ဖြစ်တယ်။ ဒါပေမယ့် မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုမှ တရားခံတွေမှာ လွတ်မြောက်ဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မြေပေါ်မှာ ခွင့်ပြုဖို့ အကြောင်းမရှိဘူးလို့ ပြောလိုပါတယ်” ဟု ဒီဇင်ဘာ ၇ ရက်က ပါလီမန်တွင် ပြောသည်။
ဂျာတီယာပါတီမှ အမတ် ဖာခူရယ်အီမန် မေးမြန်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဟာစီနာက အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ကူးလားသူများအား အစားအသောက်၊ နေစရာ နှင့် ဆေးဝါး အထောက်အပံ့များစသည့် ဖြစ်နိုင်သည့် အထောက်အပံ့များ ကိုသာ ပေးမည်ဖြစ်ကြောင်း ဆိုသည်။
“ဒါပေမယ့် အခုလို စုပြုံရောက်လာတဲ့ အခြေအနေအမျိုးဟာ နှစ်နိုင်ငံ အချုပ်အခြာ အာဏာအကြား ကြီးမားတဲ့ အခြေအနေတွေဖြစ်တဲ့အတွက် ကျွန်မတို့ နယ်စပ်ဂိတ်တွေကို ဖွင့်ပေးမှာ မဟုတ်ပါဘူး” ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
ဟာစီနာက နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ဒါကာမြို့မှာရှိတဲ့ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြောထားပြီး ဖြစ်ကြောင်းနှင့် လက်ရှိဖြစ်ပွားနေသည့် အခြေအနေကို ပြေလည်အောင် ဘယ်လိုဖန်တီးပြီး ဆောင်ရွက်မည့်အကြောင်း မေးမြန်းထားပြီးဖြစ်ကြောင်း ပြောသည်။
ဝန်ကြီးချုပ်အနေဖြင့် နယ်ခြားစောင့်တပ်နှင့် ထောက်လှမ်းရေး အေဂျင်စီများအား မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ အား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တရားခံကို အမြန်ဆုံး စုံစမ်းထောက်လှမ်းရန် ညွှန်ကြားထားကြောင်း ဆိုသည်။
အဆိုပါ အကြမ်းဖက်တရားခံတွေကြောင့် ထောင်ပေါင်းများစွာသော ဘင်္ဂါလီများမှာ ထွက်ပြေးလာသည့် အခြေအနေအတွက် တာဝန်ရှိကြောင်း ဆိုသည်။
“ကျွန်မတို့ ပိုင်နက်ထဲ ၀င်ရောက်ပြီး ပုံးအောင်းနေတဲ့ တရားခံတွေ အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖို့ လိုတယ်။ သူတိုရှာတွေ့ပြီ ဆိုတာနဲ့ မြန်မာအာဏာပိုင်တွေ လက်ထဲကို လွှဲပြောင်းပေးမှာ ဖြစ်တယ်” ဟု သူမက ပါလီမန်တွင်ပြောသည်။
စိုင်းဟန်
Ref - BDNews & The Ladies News
Thursday, December 8, 2016
အကြမ်းဖက် ဘင်္ဂါလီများ ၀င်ရောက်လာနိုင်သဖြင့် နယ်စပ်ဂိတ်များကို ဖွင့်ထားမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ပါလီမန်တွင်ြေေပြောကြား
အကြမ်းဖက် ဘင်္ဂါလီများ ၀င်ရောက်လာနိုင်သဖြင့် နယ်စပ်ဂိတ်များကို ဖွင့်ထားမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ပါလီမန်တွင်ြေေပြောကြား
Reviewed by Ar Ti
on
6:47 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment