Latest News

Wednesday, December 21, 2016

အရက်နာကျခြင်းကို ကုသတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့နည်းလမ်း

အရက်နာကျခြင်းကို ကုသတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့နည်းလမ်း

အဘိုးဆီက ရရှိတဲ့နည်းလမ်းလို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းက အရက်နာကျခြင်းကို ကုသတဲ့ မိသားစုနည်းလမ်းကို မျှဝေခဲ့တာဖြစ်ပါတယ်။

သူတို့မိသားစုရဲ့နည်းလမ်းလေးက အရမ်းကို လွယ်ကူပြီး ပစ္စည်းနှစ်မျိုးသာ ပါဝင်ပါတယ်။

မအိပ်ခင်မှာ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ Alka Seltzer ဆေးပြားတစ်ပြားကို သောက်ပြီး နောက်နေ့မနက်မှာတော့ အိပ်ရာထထခြင်း အရသာရှိတဲ့ ဝက်ဆားနယ်ခြောက် ဆင်းဒွတ်ခ်ျတစ်ခု စားတယ်လို့ ဘက်ခမ်းက GQ မဂ္ဂဇင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

"အဲဒီလိုလုပ်ဖို့ ကျွန်တော့်အဘိုးက ပြောပြခဲ့တာ" လို့ ဘက်ခမ်းက ဆိုပါတယ်။

Alka Seltzer ဆေးပြားမှာ အက်စပရင်၊ ဆီထရစ်အက်စစ်နဲ့ ဆိုဒီယမ် ဟိုက်ဒရိုဂျင် ကာဗွန်နိတ်တွေ ပါဝင်ပါတယ်။ ဒီဆေးဟာ အများအားဖြင့် ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ဦးခေါင်းတဝိုက် အကြောတက်ခြင်း၊ လည်ချောင်းနာချင်းနဲ့ ကိုက်ခဲနာကျင်မှုတွေအတွက် သောက်သုံးတဲ့ ဆေးဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာ ဒေးဗစ်ဘက်ခမ်းဟာ ကလေးငယ်များကို အကြမ်းဖက်မှုကို နှိမ်နင်းဖို့ ယူနီဆက်ဖ်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ပါတယ်။

"ကလေးတွေကို အကြမ်းဖက်မှုဟာ သူတို့ရဲ့စိတ်ထဲမှာ ထာဝရအမြစ်တွယ်သွားစေတယ်။ အဲဒီလို မလုပ်သင့်ပါဘူး။ အဆုံးသတ်ပစ်ကြပါ" လို့ ဘက်ခမ်းက ပြောခဲ့ပါတယ်။

Source & Photos : Metro & Duwun

No comments:

Post a Comment