Latest News

Wednesday, December 21, 2016

ရီးရဲလ်မက်ဒရစ် အနိုင်ရပြီးနောက် အိမ်ထဲတွင် ခုန်ပေါက်အောင်ပွဲခံခဲ့သည့် ရော်နယ်ဒို မိခင်


ရီးရဲလ်မက်ဒရစ် အနိုင်ရပြီးနောက် အိမ်ထဲတွင် ခုန်ပေါက်အောင်ပွဲခံခဲ့သည့် ရော်နယ်ဒို မိခင်

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်က ချန်ပီယံ ဖြစ်ခဲ့တာပါ။
 
ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းပေးပြီး ချန်ပီယံဖြစ်အောင် ရော်နယ်ဒို ကူညီပေးနိုင်ခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့မိခင်ဖြစ်သူက အိမ်အတွင်းမှာ လှည့်ပတ်ကခုန်ပြီး အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။

ရော်နယ်ဒိုကို အသည်းစွဲ အားပေးတဲ့ ဂျပန်မှာ အားကစားဘောလုံးပရိသတ်တွေ ရှိပေမဲ့ သူ့မိခင်ကတော့ အားလုံးထက်ပိုတဲ့ အမာခံပရိသတ် ဖြစ်နေဆဲပါ။ ဂျပန်မှာကျင်းပခဲ့တဲ့ဗိုလ်လုပွဲမှာ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ပွဲစဉ်ကို အိမ်ကတစ်ဆင့် တီဗွီဖန်သားပြင်ပေါ်ကနေ အားပေးနေတဲ့ မိခင်ဖြစ်သူဟာ သူငယ်ချင်းတွေနဲ့အတူ ကခုန်ကာ သီချင်းတွေ သီဆိုပြီးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့မိခင် ဆန်းတို့စ်အေဗီရိုနဲ့အတူ ဘောလုံးပွဲကြည့်နေတဲ့ မိတ်ဆွေတွေကပါလိုက်လံ ကခုန်ပြီးသီချင်းဆိုကာ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုပေးပွဲတုန်းကလည်း ဆုပေးပွဲမစခင်မှာ ရော်နယ်ဒိုထံ ဗီဒီယိုမက်ဆေ့ခ်ျပို့ပြီး အားပေးစကားပြောဖူးခဲ့ပါတယ်။

" ဒီညဆုပေးပွဲမှာ ဘယ်လိုရလဒ်ပဲထွက်ထွက် ငါ့သားရော်နယ်ဒိုက အမြဲအကောင်းဆုံးဘောလုံးသမားပဲ" လို့ ပြောပြီးဗီဒီယိုမက်ဆေ့ခ်ျ ပို့ခဲ့တာဖြစ်ပါတယ်။ အခု ရော်နယ်ဒိုရဲ့ မိခင်အောင်ပွဲခံ ကခုန်ကာ သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်ကို အိမ်နီးချင်းမိတ်ဆွေတစ်ဦးက ရိုက်ကူးပြီး ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

Source : The Sun & Duwun
 

No comments:

Post a Comment