Latest News

Thursday, December 29, 2016

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ၂၀၁၆ အတွင်း အထင်ရှားဆုံးဖြစ်ရပ် (၇) ခု

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ၂၀၁၆ အတွင်း အထင်ရှားဆုံးဖြစ်ရပ် (၇) ခု

၁ - အရပ်သားအစိုးရ အာဏာရခြင်း

 ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးအရပ်သားအစိုးရ တက်ရောက်လာခဲ့ပါတယ်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာ တရားဝင်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

၂ - ပုဂံငလျင်

သြဂုတ် ၂၄ ရက်နေ့က အင်အားပြင်ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် ပုဂံမှာ စေတီပုထိုး ၄၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

၃ - ၂၁ ရာစု ပင်လုံညီလာခံ

လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ ၂၁ ရာစု ပင်လုံညီလာခံကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး သြဂုတ်လကုန်မှာ ကျင်းပခဲ့ပါတယ်။

၎ - မောင်တောဒေသ အကြမ်းဖက်မှု

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသက ရဲတပ်ဖွဲ့ဌာနချုပ်အပါအဝင် ရဲစခန်းသုံးခုကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ရပါတယ်။

၅ - ရှမ်းမြောက်ဒေသ အကြပ်အတည်း

KIA, TNLA နဲ့ MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေက မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာ ၂၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွင်း အရပ်သား ၂၃ ဦး သေဆုံးခဲ့ပါတယ်။

၆ - လူ ၈၀ ခန့် သေတဲ့ ရေယာဉ်နစ်မြုပ်မှု

ဟုမ္မလင်းမြို့ကနေ မုံရွာကိုလာတဲ့ အောင်စိုးမိုးကျော်ရေယာဉ်ဟာ မနက် ၅ နာရီမှာ ကနီမြို့နယ်က ရွာတစ်ရွာအနီး နစ်မြုပ်ခဲ့ပါတယ်။ ခရီးသည် ၁၃၅ ဦးကို အသက်ရှင်ကယ်တင်နိုင်ခဲ့ပေမဲ့ ၇၃ ဦးသေဆုံးခဲ့ပြီး ၇ ယောက်ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

၇ - အင်းဝအပ်ချုပ်ဆိုင်အမှု

အိမ်အကူမိန်းကလေးကို နှစ်ပေါင်းများစွာကြာအောင် နှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်အမှုကလည်း ၂၀၁၆ တွင်း သတင်းမီဒီယာတွေမှာ ကာလအတန်ကြာ ထင်ရှားစွာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နစ်နာကြေးပေးတဲ့နည်းနဲ့ ညှိုနှိုင်းဖြေရှင်းတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: 7Day Daily Duwun

No comments:

Post a Comment