Latest News

Thursday, December 29, 2016

သင့်ဘ၀ကိုပြောင်းလဲသွားစေဖို့ မဖြစ်မနေချမှတ်သင့်တဲ့ နှစ်သစ်သန္နိဋ္ဌာန် (၃၀)ခု

သင့်ဘ၀ကိုပြောင်းလဲသွားစေဖို့ မဖြစ်မနေချမှတ်သင့်တဲ့ နှစ်သစ်သန္နိဋ္ဌာန် (၃၀)ခု



ကျွန်ုပ်တို့မှာ နှစ်စဉ်နှစ်တိုင်း နှစ်သစ်သန္နိဋ္ဌာန်အမျိုးမျိုး ရှိကြပါတယ်။ အဲဒီအနက် အရေးပါတဲ့ အချက်ကို ဘာကြောင့် သေချာမဆုပ်ကိုင်ထားကြပါသလဲ။ အရေးမပါလှတဲ့ ရည်မှန်းချက်တွေကို မေ့ထားပြီး မိမိဘဝနဲ့ မိမိကိုယ်ကိုယ် ပိုမိုကောင်းမွန်စေဖို့ ကြိုးစားပါ။ အကောင်းဆုံးအချက်က ဒါတွေ စတင်လုပ်ဆောင်ဖို့ ဘယ်တော့မှ နောက်မကျဘူးဆိုတာပါပဲ။ မိမိဘဝတိုးတက်ကောင်းမွန်အောင် ပြုပြင်မွမ်းမံဖို့ အမြဲတမ်းအချိန်ကောင်း ဖြစ်ပါတယ်။ ဒီသန္နိဋ္ဌာန်တွေက ပြောင်းလဲမှုတစ်စုံတစ်ခု လုပ်ဆောင်မယ်လို့ အာမခံပါတယ်။

၁။ ရေပိုသောက်ပေးရန်

၂။ စွန့်စားလိုစိတ် ပိုရှိစေရန်

၃။ မိမိဘဝကနေ အန္တရာယ်ရှိသူတွေ ဖယ်ရှားပစ်ရန်

၎။ ပိုမိုတန်ဖိုးထားတတ်သူ ဖြစ်ရန်

၅။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရန်

၆။ မိတ်ဆွေအဖြစ်ရော၊ လက်တွဲဖော်အဖြစ်ပါ ကြိုးစားဆောင်ရွက်မှုတွေ ပြုလုပ်ရန်

၇။ အာဃာတအမုန်းတရားတွေ ထားပစ်ခဲ့ရန်

၈။ ပြန်လည်ပေးဆပ်တတ်သူဖြစ်ရန်

၉။ သင်ယူလိုစိတ် ပြင်းပြသူနဲ့ အလုပ်အကိုင်ကျွမ်းကျင်မှု ပိုမိုတိုးပွားစေရန်

၁၀။ လက်ရှိအချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းရန်

၁၁။ ကျန်းမာရေး ဂရုစိုက်ရန်

၁၂။ လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို အနားပေးရန်

၁၃။ အတွေးသစ်၊ အမြင်သစ်တွေ လက်ခံတတ်ရန်

၁၄။ သူငယ်ချင်းအပေါင်းအသင်းနဲ့ မိသားစုအတွက် အချိန်ပေးရန်

၁၅။ စိတ်ရှည်သည်းခံရန်

၁၆။ ပိုမို ချစ်ခင် နားလည်ပေးတတ်ရန်

၁၇။ သူများအမြင်အပေါ် စိုးရိမ်မှုလျှော့နည်းစေရန်

၁၈။ အသေးမွှားကိစ္စတွေ မိမိအတွက် အနှောင့်အယှက်မဖြစ်စေရန်

၁၉။ ခွင့်လွှတ်တတ်သူ ပိုဖြစ်စေရန်

၂၀။ မကျေနပ်ချက်တွေ ပိုမိုနည်းလျှော့စေရန်

၂၁။ မိမိကို စိတ်ဓာတ် တက်ကြွစေသူတွေနဲ့ ဝန်းရံထားရန်

၂၂။ အပြုသဘောဆောင်သူ ဖြစ်ရန်

၂၃။ ခေါင်းမာမာနဲ့ တင်းခံမှု မပြုလုပ်ရန်

၂၄။ သတိရှိရှိ ရွေးချယ်မှုတွေ ပြုလုပ်ရန်

၂၅။ ဖုန်းလျှော့သုံးရန်

၂၆။ မိမိကို ပျော်ရွှင်စေတာတွေ ပိုမိုလုပ်ဆောင်ရန်

၂၇။ မိမိစိတ်ကျန်းမာရေးနဲ့ ကျန်းမာပျော်ရွှင်မှုကို ရှေ့တန်းတင်ရန်

၂၈။ တစ်ဦးတည်း အချိန်ပိုမိုကုန်ဆုံးစေရန်

၂၉။ အသေးအမွှားကိစ္စတွေတောင် အောင်ပွဲခံရန်

၃၀။ ကြောက်ရွံ့မှု လျှော့နည်းစေဖို့ ကြိုးစားရန်တို့ပဲ ဖြစ်ပါတယ်။

Sourced: popsugar Trend Myanmar

No comments:

Post a Comment