Latest News

Tuesday, December 6, 2016

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေး ကိုင်တွယ်ပုံကို ယုံကြည်မှုဖြင့် စောင့်ကြည့်ရန် လိုအပ်ဟု အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီးဆို

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေး ကိုင်တွယ်ပုံကို ယုံကြည်မှုဖြင့် စောင့်ကြည့်ရန် လိုအပ်ဟု အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီး ဆို

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးတွင် အဓိကပံပိုးခဲ့သည့် အမေရိကန်အစိုးရက ရခိုင်ဒေသအတွင်း လုံခြုံရေးအရ အင်အားသုံး နှိမ်နှင်းခြင်းသည် လူမျိုးရေး လှုံ့ဆော်မှု ပြသာနာများ ဖြစ်လာရန် အန္တရာယ်ရှိပြီး ဒေသတွင်း ဘာသာရေး တင်းမာမှုများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးနိုင်သည်ဟု သတိပေး ပြောဆိုလိုက်ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

 အောက်တိုဘာလဆန်းတွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက်ရှိ မြန်မာရဲကင်းများကို အမည်မသိ တိုက်ခိုက်သူများက တိုက်ခိုက်ပြီးသည့်နောက် မြန်မာစစ်တပ်က ပြန်လည်ချေမှုန်းလျက်ရှိသည်။ ထိုကဲ့သို့ တိုက်ခိုက်ခံရခြင်းက ဘင်္ဂါလီအချို့မှာ ပြင်ပအကူအညီများ ရယူပြီး အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်လာကြသည့် လက္ခဏာဖြစ်သည်ဟု အရှေ့ အာရှဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြာရေးဝန်ကြီး ဒင်နီယာက်ရက်ဆဲလ်က AP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

၎င်းက မြန်မာစစ်တပ်မှ အင်အား သုံးပြီး ဖြေရှင်းခြင်းမှာ မြန်မာအနေဖြင့် ဂျီဟက်ဒ် အစွန်းရောက် အကြမ်းဖက်မှုများ ဖြစ်လာစေရန် အရှိန်မြင့်လာစေသည်ဟု ဆိုသည်။ ဒင်နီယယ်ရက်ဆယ်လ်က အေပီသတင်းဌာနကို ပြောကြားရာတွင် "ကိုင်တွယ်မှု မတတ်ခဲ့ရင် ရခိုင်ပြည်နယ်က အိမ်နီးနားချင်း ဘင်္ဂလာဒေ့ရှ်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ ဖြစ်နေသည့် ဂျီဟက်ဒ် အစွန်းရောက်များရဲ့ ထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းမှုများနှင့် ကြုံတွေ့ရနိုင်တယ်" ဟု ပြောကြားခဲ့သည်။

ထို့ ပြင် မြန်မာ၏ အိမ်နီးနားချင်း မွတ်ဆလင်နိုင်ငံများ ဖြစ်သော မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများကိုလည်း နောက်ထပ် ဘာသာရေး အစွန်းရောက် စိတ်များ ဖြစ်လာမည့် လူထုအသုံးချ ဆန္ဒပြမှုများကို ရပ်တန့်ရန် အမေရိကန် လက်ထောက်နိုင်ငံခြာရေးဝန်ကြီး ဒင်နီယာက်ရက်ဆဲလ် တောင်းဆိုလိုက်သည်။

ရခိုင်ဒေသက တိုက်ခိုက်မှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာကန့်သတ်မှု ရှိနေသည်ကို ဖော်ပြသကဲ့သို့ ဖြစ်စေသည်။ ပြည်ပ လူ့ အခွင့်အရေး အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင်များအား မကာကွယ်သည့်အတွက် အပြစ်တင်ခံနေ၇သော်လည်း ရက်ဆယ်လ် အနေဖြင့်တော့ ကာကွယ်ပြောကြားခဲ့သည်။

"သူမ၏ စီရင်ဆုံးဖြတ်မှုကို ကျွန်တော်တို့ ယုံကြည်မှု ရှိရမယ်။ သူမက ဒီအရာတွေကို ဂရုမစိုက်ပါဘူးဆိုတဲ့ အယူအဆနောက်ကို ပါမသွားသင့်ဘူး။ သူမ ဒါတွေကို သိတယ်။ ဒါတွေကို အရေးထား ဂရုစိုက်ပါတယ်” ဟု ရက်ဆယ်လ်က ဆိုသည်။
လင်းလင်း
Ref - AP
The Ladies News

No comments:

Post a Comment