Latest News

Tuesday, December 6, 2016

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး နှင့်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး နှင့်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၆

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mrs.Retno L . P. Marsudi  နှင့် အဖွဲ့သည် ယနေ့ ည ၇နာရီမိနစ်၂၀တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား နိုင်ငံသံအမတ်ကြီးနှင့် သံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို ကြသည်။

ညပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နေအိမ်၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။
MOI

No comments:

Post a Comment