Latest News

Thursday, December 22, 2016

ဂျပန်ကမ်းရိုးတန်းမြို့ မီးလောင်မှု နေအိမ်နဲ့အဆောက်အအုံ ၁၄၀ လောင်ကျွမ်းပျက်စီး

ဂျပန်ကမ်းရိုးတန်းမြို့ မီးလောင်မှု နေအိမ်နဲ့အဆောက်အအုံ ၁၄၀ လောင်ကျွမ်းပျက်စီး

မီးလောင်မှုဟာ လေပြင်းတိုက်ခတ်မှုကြောင့် ပိုမိုအားကောင်းပြီး လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ရာ ထိန်းချုပ်ငြှိမ်းသတ်ရန် ခက်ခဲခဲ့ပါတယ်။
     
ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်မြောက်ဘက်ရှိ ကမ်းရိုးတန်းမြို့မှာ မီးလောင်မှုဖြစ်ခဲ့ရာ နေအိမ်၊ ဈေးဆိုင်နဲ့ အခြား အဆောက်အအုံ အနည်းဆုံး ၁၄၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) နံနက်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အိုင်တိုဂါဝါမြို့မှာ မီးလောင်မှုဟာ ကြီးမားတာကြောင့် ဝိုင်းဝန်းငြှိမ်းသတ်ရန် စစ်တပ်ကို အကူအညီတောင်းခဲ့ရပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ နေရာအနီးရှိ နေအိမ် ၃၆၃ လုံးမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ညွှန်ကြားခဲ့ပြီး မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ယနေ့နံနက် ဒေသစံတော်ချိန် ၁၀း၂၈ က စားသောက်ဆိုင်တစ်ဆိုင်မှာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံတွေကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုဟာ လေပြင်းတိုက်ခတ်မှုကြောင့် ပိုမိုအားကောင်းပြီး လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ရာ ထိန်းချုပ်ငြှိမ်းသတ်ရန် ခက်ခဲခဲ့ကြောင်း သိရပါတယ်။

Source & Photo: RT, AP, Kyodo : Duwun

No comments:

Post a Comment