Latest News

Thursday, December 22, 2016

ဇန်န၀ါရီအတွင်း ဖြန့်ချိမယ့် စန္ဒီမြင့်လွင်ရဲ့ Queen စီးရီးဗီဒီဒီ



ဇန်န၀ါရီအတွင်း ဖြန့်ချိမယ့် စန္ဒီမြင့်လွင်ရဲ့ Queen စီးရီးဗီဒီဒီ

ဟောလိဝုဒ်အမည်ရှိ သီချင်းကို Queen အော်ဒီယိုစီဒီ ထွက်သည့်တစ်နှစ်ပြည့် အမှတ် တရအဖြစ် အွန်လိုင်းတွင် တင်ခဲ့ ခြင်းဖြစ်ပြီး ယင်းအခွေ ဒီဗီဒီကို ဇန်န၀ါရီအတွင်း ဖြန့်ချိမည်ဖြစ် ကြောင်း စန္ဒီမြင့်လွင်က ပြော သည်။‘‘အခွေထဲမှာ နှိုက်မှာပဲ သီ ချင်းဆိုရင်လည်း ထူးထူးခြားခြား လေး ရိုက်ထားတယ်။ နောက်ပြီး တခြားအပုဒ်တွေဆိုရင်လည်း ဒီ အခွေထဲက ရိုက်ထားတဲ့သီချင်း တွေကို အကုန်လုံးကြိုက်တယ်။ တော်တော်လေးလည်း အားရ တယ်’’ဟု ၎င်းက ပြောသည်။

ဟောလိဝုဒ်သီချင်းကို အေး မြတ်သူ၊ သင်ဇာဝင့်ကျော်တို့နှင့် ရိုက်ကူးထားပြီး ဒါရိုက်တာအပါ အ၀င် ယင်းသီချင်းတွင် ပါဝင်သူ များအားလုံး စုပေါင်းစဉ်းစား ဖန် တီးထားကြောင်း ၎င်းက ဆိုသည်။

Queen ဒီဗီဒီကို ဇန်န၀ါရီ ၇ ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး ပရိ သတ်များအတွက် Bonus Track အနေဖြင့် သီချင်းသစ်တစ်ပုဒ် ပါ ၀င်ကြောင်း စန္ဒီမြင့်လွင်က ပြော သည်။

‘‘မိုးစက်ရေးပေးထားတဲ့ ပန်း တိုင်ဆိုတဲ့ သီချင်းလေးကို Bonus အနေနဲ့ထည့်ပေးထားတယ်။ အဲဒီ သီချင်းလေးကိုတော့ အမ်တီဗီမ ရိုက်တော့ဘူး။ ဒီးဒီဟိုးအရင်ငယ် ငယ်ကတည်းကနေ အခုအချိန် အထိ ဆိုခဲ့တဲ့ Show ပွဲတွေကနေ ရိုက်ကူးထားတာတွေကို Edit လေးလုပ်ထားတယ်’’ဟု Bonus အနေဖြင့် ထည့်ပေးထားသည့် သီချင်းအကြောင်းကို ပြောသည်။

အဆိုပါဒီဗီဒီ ဖြန့်ချိမည်နေ့ တွင် ဂျန်းရှင်းစကွဲ၏ အပြင်ဘက် ဧရိယာ၌    အခမဲ့ဖျော်ဖြေပွဲ၌ သူငယ်ချင်းများနှင့်အတူ လက် မှတ်ရေးထိုးပေးမည်ဟု ၎င်းက ဆိုသည်။ ပရိသတ်များ ဝေဖန်မှုရှိခဲ့သည့် နှိုက်မှာပဲ သီချင်းနှင့်ပတ် သက်၍ စန္ဒီမြင့်လွင်က‘‘တချို့က မသိလို့ပြောကြတဲ့အတွက် ဒီးဒီ စိတ်မဆိုးပါဘူး။

သူတို့ပြောသလို Chrous လောက်ပဲနားထောင်ပြီး ကလေးတွေကို မြှောက်ပေးသလို ဖြစ်မယ်တို့ ဘာတို့တော့ ဒီးဒီ လည်းဖတ်ရပါတယ်။ တကယ် တမ်းသီချင်းကို အပြည့်အ၀နား ထောင်ကြည့်မယ်ဆိုရင် လေသံ ကို နားထောင်ကြည့်မယ်ဆိုရင် တော့ လူငယ်တွေကတော့ သိ တယ်လေ။

ဒီသီချင်းက ဘယ်သူ့ ဘယ်သူ့ကိုမှ ရွဲ့ပြီးဆိုတာမဟုတ် သလို အပြုသဘောနဲ့ပဲ အားလုံး ကို ကောင်းစေချင်တဲ့ သဘောနဲ့ ပဲဆိုတာဖြစ်ပါတယ်။ တစ်ဦးတစ် ယောက်ချင်းကို ထိခိုက်ဆိုထား ခြင်းလည်း မဟုတ်ဘူး။

ဒီခေတ် မှာနေတဲ့အကြောင်းအရာကို သီ ချင်းရေးဆရာ ကိုနေ၀င်းက ရေး ပေးတယ်။ ဒီးဒီက ဆိုရဲလို့ဆိုတဲ့သ ဘောပါပဲ’’ဟု ပြောသည်။


Sources : 7 Day

No comments:

Post a Comment