Latest News

Thursday, December 22, 2016

အကောင်းဆုံး မြစ်တွင်းစီး အပန်းဖြေ သင်္ဘောလိုင်း (၁၀) ခု

အကောင်းဆုံး မြစ်တွင်းစီး အပန်းဖြေ သင်္ဘောလိုင်း (၁၀) ခု

မြန်မာနိုင်ငံက ပန်တော် သင်္ဘောလိုင်းလည်း ရွေးချယ်ခံခဲ့ရပါတယ်။
 

အမေရိကန် သတင်းဌာန USA Today က ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး မြစ်တွင်းစီး အပန်းဖြေ သင်္ဘောလိုင်းတွေ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီလို ထုတ်ပြန်ကြေညာဖို့အတွက် မဲစနစ်ကို အသုံးပြုခဲ့ပြီး စာဖတ်ပရိသတ်တွေက ရွေးချယ်ပေးခဲ့ကြတာပါ။ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အမေရိကန်တွေ အကြိုက်ဆုံး သင်္ဘောစီး အပန်းဖြေခရီးစဉ်တွေထဲမှာ မြန်မာနိုင်ငံလည်း တစ်ခု အပါအဝင် ဖြစ်ခဲ့ပါတယ်။

၁။ Viking River Cruises

လူကြိုက်အများဆုံးဖြစ်တဲ့ ဗိုက်ကင်း သင်္ဘောလိုင်းက ရေပေါ်ဟိုတယ်လို့တောင် ပြောလို့ရပါတယ်။ ရေယာဉ်အစီးရေ ၅၀ ပိုင်ဆိုင်ပြီး ဥရောပ၊ အာရှနဲ့ အီဂျစ်က မြစ်ကြောင်း ခရီးစဉ်တွေကိုပါ သွားပါတယ်။

၂။ Grand Circle Cruise Line

အမေရိကန်ပိုင် သင်္ဘောလိုင်းဖြစ်ပါတယ်။

၃။ Uniworld Boutique River Cruise Collection

အဆင့်မြင့် ဇိမ်ခံဟိုတယ်လုပ်ငန်းစုဝင်တဲ့ သင်္ဘောတွေဖြစ်ပြီး ဥရောပ၊ အာရှနဲ့အီဂျစ် ရေလမ်းတွေအတိုင်း သွားလာပါတယ်။

၎။ Avalon Waterways

အမေရိကန်တွေ အကြိုက်ဆုံး အစီအစဉ်တွေ ပါဝင်ပါတယ်။

၅။ American Queen Steamboat Company

ကမ်းခြေအလှအပကိုကြည့်ရှုကြတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

၆။ AmaWaterways

ကယ်လီဖိုးနီးယားအခြေစိုက် သင်္ဘောလိုင်းဖြစ်ပြီး မူလကတော့ ဥရောပမှာပဲ ပြေးဆွဲခဲ့ပေမယ့် နောက်ပိုင်းမှာ အာဖရိကနဲ့ အရှေ့တောင်အာရှအထိပါ ခရီးစဉ်တွေ ပြေးဆွဲခဲ့ပါတယ်။

၇။ Vantage Deluxe World Travel

ဈေးနှုန်းမမြင့်မားဘဲ လိုက်ပါစီးနင်းမယ့် ခရီးသည်တွေထံကို တိုက်ရိုက်ရောင်းချပေးလို့လည်း လူကြိုက်များပါတယ်။

၈။ American Cruise Lines

အမေရိကန်ရဲ့ သမိုင်းဝင် ရေကြောင်းခရီးသွားလုပ်ငန်း ဖြစ်ပါတယ်။

၉။ Pandaw Cruises

ပန်းတော်ကတော့ မြန်မာနိုင်ငံက ဖြစ်ပါတယ်။ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတွေက အရောက်အပေါက်ခက်ခဲတဲ့ နေရာတွေအထိ သွားရောက်နိုင်လို့ ခရီးသွားတွေက နှစ်သက်ကြတာပါ။

၁၀။ Blount Small Ship Adventures

ဒါကတော့ မိသားစုပိုင် သင်္ဘောငယ်ဖြစ်ပြီး အမေရိကန်နိုင်ငံတွင်းက ခရီးစဉ်တွေကိုပဲ ပြေးဆွဲတဲ့ သင်္ဘော ဖြစ်ပါတယ်။

Source & Photo : USA Today : Duwun
 

No comments:

Post a Comment