လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း အတုများနှင့် လျှောက်ထားနေသဖြင့် အရေးယူမှုများ ပြုလုပ်နေရ၍ ကိုယ်စားလျှောက်ထားခွင့် မပြုတော့ဘဲ တင်သွင်းမည့်သူကိုယ်တိုင် လျှောက်ထားရန်နှင့် ဓာတ်ပုံမှတ်တမ်း ရယူထားမည်ဖြစ်ကြောင်း
လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း အတုများနှင့် လျှောက်ထားနေသဖြင့် အရေးယူမှုများ ပြုလုပ်နေရ၍ ကိုယ်စားလျှောက်ထားခွင့် မပြုတော့ဘဲ တင်သွင်းမည့်သူကိုယ်တိုင် လျှောက်ထားရန်နှင့် ဓာတ်ပုံမှတ်တမ်း ရယူထားမည်ဖြစ်ကြောင်း ထုတ်ပြန်
လူပုဂ္ဂိလ်တစ်ဦးချင်း ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာ၌ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းအတုများနှင့် လျှောက်ထားနေသဖြင့် အရေးယူမှုများ ပြုလုပ်နေရ၍လက်ရှိတွင် ကိုယ်စားလျှောက်ထားခြင်း ခွင့်မပြုတော့ဘဲ တင်သွင်းမည့်သူ ကိုယ်တိုင်လျှောက်ထားမှသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် လျှောက်ထားသူ၏ ဓာတ်ပုံမှတ်တမ်း ရယူထားရှိပြီးမှ သွင်းကုန်လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက အသိပေးကြေညာချက်ထုတ် ပြန်ထားသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသည် လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှမော် တော်ယာဉ်တင်သွင်းခြင်းအတွက် သတ်မှတ်ချက်တွင်“ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီမှ လူပုဂ္ဂိုလ် တစ်ဦးချင်းမော်တော်ယာဉ် ပါမစ်လျှောက်ထားမှုများအား ခွင့်ပြုပေးလျက်ရှိပါသည်။ ယင်းသို့ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းရန် ပါမစ်လျှောက်ထားမှုနှင့် ပတ်သက်၍ ဆောင်ရွက်ပေးရာတွင် မှတ်ပုံတင်အတုများ၊ အိမ်ထောင် စုစာရင်းပုံစံ (၁၀) အတုများပြုလုပ်၍ လျှောက်ထားမှုများ စိစစ်တွေ့ရှိရသဖြင့် တရားဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက် ရှိပါသည်” ဟု ထုတ်ပြန်သည်။
ထို့ပြင်“သို့ဖြစ်ပါ၍ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုများအတွက် မှန်ကန်စွာ စိစစ်နိုင်ရန်နှင့် တင်သွင်းမည့် ပုဂ္ဂိုလ်တစ်ဦးချင်း နစ်နာဆုံးရှုံးမှု မရှိစေရန် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (၅/ ၂၀၁၆) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှစ၍ ကိုယ်စားလှယ်များ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ကိုယ်စားစေလွှတ်ပြီး မော်တော်ယာဉ်တင်သွင်းခွင့် လိုင်စင်လျှောက်ထားခြင်းကို ခွင့်မပြုတော့ဘဲ တင်သွင်းမည့်သူ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားမှုကိုသာ လက်ခံဆောင်ရွက်ပေး မည် ဖြစ်ပါသည်။ လျှောက်ထားသူ၏ ဓာတ်ပုံမှတ်တမ်း ရယူထားရှိပြီးမှ သွင်းကုန်လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည့် Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး လူအများစီးသော ကားဈေးနှုန်းများ မြင့်တက်လာမည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက နိုဝင်ဘာ ၃၀ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၁/ ၂၀၁၆) ဖြင့် ၂၀၁၇ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မော်တော်ယာဉ်တင်သွင်း ရောင်းဝယ်နေသည့် လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
ယင်းသတ်မှတ်ချက်အရ ယာဉ်အို ယာဉ်ဟောင်းအစီအစဉ် (Consignment စနစ်အပါအ၀င်) တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း (၂၀၁၅ မှ ၂၀၁၇ ခုနှစ် ဘယ်မောင်းတင်သွင်းရန်)၊ ကုန်တင်ယာဉ်များ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အတွင်း တင်သွင်းရမည်ဖြစ်သည်။
လူပုဂ္ဂိုလ် တစ်ဦးချင်း အစီအစဉ်တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ အပါအ၀င်) ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း(ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ (Express) ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် သတ်မှတ်ထားသည်။
ထို့အတူ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအပါအ၀င်) တွင် လူစီးမော်တော်ယာဉ်များ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အ တွင်း (ဘယ်မောင်း) ၊ လုပ်ငန်းသုံးယန္တရားများ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ် ၂၀၀၁ မှ ၂၀၁၇ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာ ယာဉ်များ ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ (Express) ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း(ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမည် ဖြစ်သည်။ အစိုးရဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှုအနေဖြင့် လူစီးမော်တင်ယာဉ်များ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း(ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်/ ခရီးသည်တင်ယာဉ်/ ကုန်တင်ယာဉ်/ယန္တရားများ ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း တင်သွင်းရန် သတ်မှတ်ထားကြောင်း သိရသည်။
Writer:
ဖြိုးဝေ
Eleven
Tuesday, December 13, 2016
လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း အတုများနှင့် လျှောက်ထားနေသဖြင့် အရေးယူမှုများ ပြုလုပ်နေရ၍ ကိုယ်စားလျှောက်ထားခွင့် မပြုတော့ဘဲ တင်သွင်းမည့်သူကိုယ်တိုင် လျှောက်ထားရန်နှင့် ဓာတ်ပုံမှတ်တမ်း ရယူထားမည်ဖြစ်ကြောင်း
လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း အတုများနှင့် လျှောက်ထားနေသဖြင့် အရေးယူမှုများ ပြုလုပ်နေရ၍ ကိုယ်စားလျှောက်ထားခွင့် မပြုတော့ဘဲ တင်သွင်းမည့်သူကိုယ်တိုင် လျှောက်ထားရန်နှင့် ဓာတ်ပုံမှတ်တမ်း ရယူထားမည်ဖြစ်ကြောင်း
Reviewed by Ar Ti
on
8:25 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment