Latest News

Thursday, December 29, 2016

ဆရာဦးအောင်လှထွန်း ရိုက်တာသတင်းဌာမှ ထွက်ပြီ

ဆရာဦးအောင်လှထွန်း ရိုက်တာသတင်းဌာမှ ထွက်ပြီ


ဒီဇင်ဘာ ၂၉

နိုင်ငံခြား သတင်းအေဂျင်စီ တစ်ခု ဖြစ်သော ရိုက်တာ (Reuters) သတင်းဌာနတွင် နှစ်ပေါင်း ၂၃ နှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သော ဆရာ ဦးအောင်လှထွန်းသည် ၎င်းသတင်းဌာနမှ နှုတ်ထွက်လိုက်ပြီဟု သတင်း ရရှိသည်။

“ အဓိကတော့ အပြောင်းအလဲ တစ်ခုကို ဖြစ်ချင်တယ်။ မပျော်လို့ပေါ့။ လုပ်လာတာလဲ ၂၃ နှစ်ရှိပြီ ဆိုတော့ ထွက်ဖို့ဆုံးဖြတ်လိုက်တယ်။ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ဆိုရင် သက်တမ်းကုန်ပြီ” ဟု ဦးအောင်လှထွန်းက နိရဉ္စရာသို့ ပြောသည်။

ဆရာ ဦးအောင်လှထွန်းသည် ပြန်ကြားရေးတွင် ၁၁ နှစ်၊ ရိုက်တာတွင် ၂၃ နှစ် လုပ်ကိုင်ခဲ့သည်။

“ ကျွန်တော်က Freelance အနေနဲ့ ရပ်တည်မယ်။ မြန်မာမီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်သလောက် ကြိုးစားဆောင်ရွက်မယ်။ ပီးရင် ကျွန်တော်က စာပြမယ်။ ဒီအနေအထားနဲ့ အနာဂတ်မှာ ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်လှထွန်းမှ ဆက်လက် ပြောကြားသည်။

ဆရာ ဦးအောင်လှထွန်းသည် လက်ရှိ မြန်မာ သတင်းမီဒီယာ ကောင်စီတွင် ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည်။

ရိုက်တာ သတင်းဌာနနှင့် ကန်ထရိုက်တွင် လုပ်ငန်းတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြင်ပသို့ ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ရန် တားမြစ်ချက်များ ရှိသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်မှ လတ်တလော ဖြစ်ပေါ်နေသော ဘင်္ဂလီအရေးနှင့် ပတ်သက်ပြီး ရိုက်တာ သတင်းဌာနမှ ရေးသားသော သတင်းများနှင့် ပတ်သက်ပြီး ဦးအောင်လှထွန်းအကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့မှုများရှိခဲ့ကြောင်း နိရဉ္စရာမှ စုံစမ်း သိရှိရသည်။

Sources: နိရဉ္စရာ၊

No comments:

Post a Comment