Latest News

Thursday, December 29, 2016

ကရင်သက္ကရာဇ် ၂၇၅၆ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း အနှစ်ချုပ်

ကရင်သက္ကရာဇ် ၂၇၅၆ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း အနှစ်ချုပ်


 "ငြိမ်းချမ်းရေးမျိုးစေ့အသီးအပွင့်တွေကို ခေတ်အဆက်ဆက် ခံစား စံစားနိုင်အောင် ကြိုးစားကြပါ။ ကျွန်မတို့ဟာ အနာဂတ်ကိုကြည့်ရပါမယ်။ အနာဂတ်ဆိုတာ နောက်တနှစ်မဟုတ်ပါဘူး။ နောက်လေးငါးနှစ်လည်း မဟုတ်ပါဘူး။ နိုင်ငံရေးပညာရှင်တွေပြောခဲ့တာရှိတယ်။ နိုင်ငံရေးလုပ်စားသူတွေက နောက်လာမယ့်ရွေးကောက်ပွဲမှာ အောင်မြင်ဖို့ စဉ်းစားတယ်၊ နိုင်ငံရေးအတွက် လုပ်ဆောင်သူတွေကတော့ နောင်မျိုးဆက်တွေအတွက် စဉ်းစားတယ်လို့ ပြောခဲ့ပါတယ်။ အနာဂတ်မျိုးဆက်သစ်တွေ ဘ၀သာယာဝပြောဖို့ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးဟာ နောင်မျိုးဆက်တွေအတွက် စဉ်းစားပြီးတော့ ကရင်အမျိုးသားများရဲ့ အင်မတန်မှ ချစ်စဖွယ်ကောင်းမွန်တဲ့ နှစ်သစ်ကူးကပေးတဲ့ သင်ခန်းစာကို နှလုံးသွင်းပြီး အားလုံးအတူ လက်တွဲပူးပေါင်း၍ ပြည်ထောင်စုကြီး ခိုင်မာအောင်၊ သာယာဝပြောအောင် လုပ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်”

“ပြည်ထောင်စုကြီးတခု ထူထောင်တဲ့အခါမှာ ပထမဦးဆုံး မျိုးစေ့ကြဲရပါမယ်။ အားလုံးက ကြဲခဲ့တဲ့ မျိုးစေ့အောင်မြင်လာအောင် ပြုစုပျိုးထောင်ရပါမယ်။ စပါးမျိုးကြဲသလို ထမင်းစားတော့မှ ငါပါမယ်။ မျိုးစေ့ကြဲခဲ့တဲ့နေရာမှာတော့ ငါမပါနိုင်ဘူး။ မျိုးစေ့ပျိုးထောင်တဲ့နေရမှာလည်း ငါမပါနိုင်ဘူး။ ရိတ်တဲ့ နေရာမှာလည်း ငါမပါနိုင်ဘူး။ စားတဲ့နေရာမှာကျတော့ ငါဝင်စားမယ်ဆိုရင်တော့ ဒီစိတ်ဓာတ်တွေဟာ ပြည်ထောင်စုစိတ်ဓာတ်မဟုတ်ဘူး။ အားလုံးဝိုင်းဝန်းပြီးတော့ ညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုကြီး သာယာဝပြောဖို့အတွက်လုပ်မယ်ဆိုရင် နောင်နှစ်ပေါင်းများစွာရဲ့ တရက်ချင်းဆီမှာ နေ့သစ်တွေ နှစ်သစ်တွေဖြစ်တယ်လို့ ပြောချင်ပါတယ်”

"ဘာတခုမှ မလုပ်ဘဲ အသီးသီးမှ စားတယ်ဆိုတာ ဂုဏ်သိက္ခာမဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကျေးဇူးကို ခံစားချင်တယ်ဆိုရင် ၀ိုင်းဝန်းပြီး ကျနေရာက ကူညီပေးကြရမှာဖြစ်ပါတယ်”

Sources & Photo-ထွန်း(နေပြည်တော်)News Watch

No comments:

Post a Comment